ဝီလီယံအား ခေါ်ယူရန် PSG နှင့်အပြိုင် ဘာစီလိုနာ ကြိုးပမ်းမည်

ဝီလီယံအား ခေါ်ယူရန် PSG နှင့်အပြိုင် ဘာစီလိုနာ ကြိုးပမ်းမည်
Photos: Getty Images
Photos: Getty Images
Published 8 May 2019

 

ဘာစီလိုနာအသင်းသည် ချယ်လ်ဆီးအသင်း၏ ဘရာဇီးလ်ကွင်းလယ်လူ ဝီလီယံအား ခေါ်ယူရန် ပြင်သစ်ကလပ် PSG အသင်းနှင့်အပြိုင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 PSG အသင်းသည် ဝီလီယံအား ၎င်းတို့၏ ဂျာမန်ကွင်းလယ်လူ ဒရက်ဇ်လာနှင့် အလိုက်ပေးကမ်းလှမ်း ရန် စီစဉ်လျက်ရှိနေပြီး ဘာစီလိုနာအသင်းကမူ ငွေကြေးအလုံးအရင်းဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း စပိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။

ဘာစီလိုနာအသင်းသည် အသက်(၃၀)နှစ်အရွယ် ဝီလီယံအတွက် ကနဦးပြောင်းရွှေ့ ကြေး ယူရို(၃၅)သန်းဖြင့် ကမ်းလှမ်းသွားမည်ဖြစ်ကြောင်း စပိန်သတင်းစာများက ဖော်ပြခဲ့သည်။

Most Read

Most Recent