မာစီယဲလ်၏ အမူအကျင့်ကို မနှစ်သက်၍ ဆိုးလ်ရှား ရောင်းချဖွယ်ရှိ

မာစီယဲလ်၏ အမူအကျင့်ကို မနှစ်သက်၍ ဆိုးလ်ရှား ရောင်းချဖွယ်ရှိ
Photos: Getty Images
Photos: Getty Images
Published 8 May 2019

 

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားသည် အသင်း၏ ပြင်သစ်တိုက်စစ်မှူး မာစီယဲလ်အား လာမည့်နွေရာသီအပြောင်း အရွှေ့ကာလအတွင်း ရောင်းချသွားဖွယ်ရှိကြောင်း ဗြိတိန် သတင်းစာ Mirror က ဖော်ပြခဲ့သည်။

လေ့ကျင့်ရေးအစီအစဉ်များတွင် မာစီယဲလ်၏ အပြုအမူများကို ဆိုးလ်ရှားက မကျေမနပ်ဖြစ်နေပြီး ၎င်းအား အသင်းတွင် ဆက်လက်ထားရှိရန် ဆန္ဒမရှိတော့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် တစ်ပတ်က ဟတ်ဒါဖီးလ်နှင့် သရေကျသောပွဲအပြီးတွင် ဆိုးလ်ရှားက အသင်းမှ ကစားသမားအချို့ကို ကမ်းလှမ်းမှုများရှိပါက ရောင်းချသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent