ဘာပေအား ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း (၂၄၀)ဖြင့် ခေါ်ယူရန်ရီးယဲလ်မက်ဒရစ်အသင်း စီစဉ်နေဟု သတင်းထွက်

ဘာပေအား ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း (၂၄၀)ဖြင့် ခေါ်ယူရန်ရီးယဲလ်မက်ဒရစ်အသင်း စီစဉ်နေဟု သတင်းထွက်
Photo: Getty Images
Photo: Getty Images
Published 8 May 2019

ရီးယဲလ်မက်ဒရစ်အသင်းသည် PSG အသင်း၏ကြယ်ပွင့်တိုက်စစ်မှူး ဘာပေအား ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း (၂၄၀)ဖြင့်ခေါ်ယူရန် စီစဉ်နေသည်ဟု ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ဖော်ပြခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် PSG အသင်း၏ကြယ်ပွင့်တိုက်စစ်မှူး ဘာပေအား ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း (၂၄၀)ဖြင့်ခေါ်ယူရန် စီစဉ်နေသည်ဟု ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ဖော်ပြခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းကိုယ်တိုင်က လာမည့်ရာသီတွင် အသင်းကို အပြောင်းအလဲများ ပြုလုပ်သွားမည်ဟု ပြောဆိုထားသည်။

ပြင်သစ်ဘောလုံးမဂ္ဂဇင်း၏ဖော်ပြချက်အရ ရီးယဲလ်မက်ဒရစ်အသင်း၏ လာမည့်ရာသီအဓိကပစ်မှတ်မှာ ဟာဇက်ကို ခေါ်ယူနိုင်ရေးဖြစ်ပြီး ဟာဇက်အားခေါ်ယူပြီးပါက မန်ယူကွင်းလယ်လူ ပေါ့ဘာနှင့် PSG လူငယ်တိုက်စစ်မှူး ဘာပေတို့ကိုပါ ခေါ်ယူသွားရန်စီစဉ်လျက်ရှိကြောင်း သိရသည်။

အသက် (၂၀)အရွယ်ရှိ ပြင်သစ်တိုက်စစ်မှူး ဘာပေသည် ၂၀၁၈ ခုနှစ်က မိုနာကိုအသင်းမှ PSG အသင်းသို့ ပေါင် (၁၅၈)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

လက်ရှိတွင် ၄င်း၏ စျေးကွက်တန်ဖိုးမှာ မြင့်တက်လျက်ရှိပြီး ရီးယဲလ်မက်ဒရစ်အသင်းက ဘာပေကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် ခေါ်ယူရန် စီစဉ်နေခြင်းလည်းဖြစ်သည်။

လက်ရှိဘောလုံးလောကတွင် ပြောင်းရွှေ့ကြေးအမြင့်ဆုံးကစားသမားမှာ PSG အသင်းတိုက်စစ်မှူး နေမာဖြစ်ပြီး ၂၀၁၇ ခုနှစ်က ဘာစီလိုနာအသင်းမှ PSG အသင်းသို့ ပေါင် (၁၉၈)သန်းဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ဘာပေအတွက် ပေါင်သန်း (၂၄၀)အထိ အသုံးပြုရန် ဆန္ဒရှိနေကြောင်း သိရသည်။

Most Read

Most Recent