လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့ခြင်းမှာ မိမိတို့အတွက် အလွန်ဆိုးရွားသည့် ရလဒ်ဖြစ်သည်ဟု ဗယ်လ်ဗာဒီ ပြောကြား

လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့ခြင်းမှာ မိမိတို့အတွက် အလွန်ဆိုးရွားသည့် ရလဒ်ဖြစ်သည်ဟု ဗယ်လ်ဗာဒီ ပြောကြား
Photo: Marca
Photo: Marca
Published 8 May 2019

ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီက လီဗာပူးလ်အသင်းကို (၀-၄)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းမှာ အလွန်ဆိုးရွားသည့် ရလဒ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီက လီဗာပူးလ်အသင်းကို (၀-၄)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းမှာ အလွန်ဆိုးရွားသည့် ရလဒ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့အိမ်ကွင်းတွင် လီဗာပူးလ်အသင်းကို (၃-၀)ဂိုးဖြင့်အနိုင်ရရှိခဲ့သော်လည်း ဒုတိယအကျော့ အဝေးကွင်းတွင် (၀-၄)ဂိုးဖြင့် ရှုံးနိမ့်ကာ နှစ်ကျော့ပေါင်း (၃-၄)ဂိုးဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်။

ဗယ်လ်ဗာဒီက  ''ဒုတိယပိုင်းမှာ လီဗာပူးလ်အသင်း သွင်းယူသွားတဲ့ဂိုး (၂)ဂိုးက ကျွန်တော်တို့ကို အခက်အခဲဖြစ်စေခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဂိုးရဖို့ကြိုးစားခဲ့ပေမယ့် လီဗာပူးလ်အသင်းက ကျွန်တော်တို့အသင်းကို အနိုင်ယူသွားခဲ့ပါတယ်။ ဒီရလဒ်က ကျွန်တော်တို့အတွက်ရော အသင်းပရိသတ်တွေအတွက်ပါ အလွန်ဆိုးရွားတဲ့ရလဒ်ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာတော့ လီဗာပူးလ်အသင်းက စတုတ္ထဂိုးရရှိသွားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘာမှမတုံ့ပြန်နိုင်ခဲ့ပါဘူး" ဟုပြောကြားခဲ့သည်။

ထို့ပြင် ဗယ်လ်ဗာဒီက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အိမ်ကွင်း၌ဂိုးပြတ်အနိုင်ရပြီးမှ နှစ်နှစ်ဆက်တိုက် ပြိုင်ပွဲမှထွက်ခွာခဲ့ရခြင်းမှာ အလွန်နာကျင်စရာကောင်းကြောင်းနှင့် လီဗာပူးလ်နှင့်ပွဲတွင် ကစားသမားများမှာ အများများကျူးလွန်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းကွင်းလယ်လူ ဘူးစကွက်စ်ကမူ ၄င်းတို့အနေဖြင့် လီဗာပူးလ်အသင်းကို အရှက်တကွဲရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည့်အတွက် အသင်းပရိသတ်များကို တောင်းပန်ကြောင်းပြောကြားခဲ့သည်။

Most Read

Most Recent