ဘာစီလိုနာအား (၀-၃)ဂိုးဖြင့်ရှုံးနိမ့်ပြီးမှ လီဗာပူးလ်အသင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်ခဲ့ခြင်းကို မော်ရင်ဟို မယုံနိုင်အောင်ဖြစ်နေ

ဘာစီလိုနာအား (၀-၃)ဂိုးဖြင့်ရှုံးနိမ့်ပြီးမှ လီဗာပူးလ်အသင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်ခဲ့ခြင်းကို မော်ရင်ဟို မယုံနိုင်အောင်ဖြစ်နေ
Photo: Getty Images
Photo: Getty Images
Published 8 May 2019

မန်ယူအသင်းနည်းပြဟောင်း မော်ရင်ဟိုက ဘာစီလိုနာအသင်းကို ပထမအကျော့တွင် (၀-၃)ဂိုးဖြင့်ရှုံးနိမ့်ပြီးမှ နှစ်ကျော့ပေါင်း (၄-၃)ဂိုးဖြင့် အနိုင်ယူကာ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့သည့် လီဗာပူးလ်အသင်း၏ သမိုင်းဝင်နိုင်ပွဲအပေါ် မယုံနိုင်ဖြစ်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် မေလ (၇)ရက်နေ့က ကစားခဲ့သည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွင် ပထမအကျော့က (၀-၃)ဂိုးဖြင့်ရှုံးနိမ့်ထားသော စပိန်ထိပ်သီးဘာစီလိုနာအသင်းကို  အိမ်ကွင်းအန်ဖီးလ်၌ (၄-၀)ဂိုးဖြင့် အံ့အားသင့်ဖွယ်အနိုင်ယူကာ နှစ်ကျော့ပေါင်း (၄-၃)ဂိုးဖြင့် ဗိုလ်လုပွဲသို့ နှစ်နှစ်ဆက်တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အဆိုပါပွဲစဉ်တွင် လီဗာပူးလ်အသင်း၏ အဓိက တိုက်စစ်ကစားသမားများဖြစ်သည့် ဆာလာနှင့် ဖေမီနိုတို့ ဒဏ်ရာပြဿနာများကြောင့် မပါဝင်နိုင်သည့်အတွက် ဘာစီလိုနာအသင်း ကျိန်းသေပေါက် ဗိုလ်လုပွဲတက်မည်ဟု မော်ရင်ဟိုက ယူဆခဲ့ခြင်းဖြစ်သည်။

မော်ရင်ဟိုက '' လီဗာပူးလ်အသင်း (၂-၀)ဂိုးနဲ့ နိုင်နေတဲ့အချိန်မှာတောင် ဘာစီလိုနာအသင်း ပြန်လာနိုင်ဦးမယ်လို့ ကျွန်တော်ထင်နေတုန်းပါပဲ။ လီဗာပူးလ်က (၃-၀)နဲ့ ဦးဆောင်နေချိန်မှာတောင် ဘာစီလိုနာအသင်း တစ်ဂိုးသွင်းနိုင်ဦးမယ်လို့ ကျွန်တော်ယုံကြည်နေတုန်းပါပဲ။ အခုရလဒ်က ယုံကြည်နိုင်ဖို့၊ လက်ခံနိုင်ဖို့ အရမ်းခက်ပါတယ်။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီက ရိုးမားအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် အဲဒီအကျိုးဆက်ကိုခံစားနေရတုန်းပဲလို့ ကျွန်တော်ထင်ပါတယ်။ အန်ဖီးလ်မှာ လီဗာပူးလ်အသင်းက ဘယ်လောက်အထိ ယှဉ်ပြိုင်ရခက်တယ်ဆိုတာကို ကျွန်တော်ကောင်းကောင်းနားလည်ပါတယ်။ လီဗာပူးလ်ကအသင်းကောင်းတစ်သင်းပါ။ ဒါပေမဲ့ ဘာစီလိုနာအသင်းသာ (၁)ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင် လီဗာပူးလ်အသင်းက (၅)ဂိုးအထိသွင်းရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဘာစီလိုနာအသင်းက အဲဒီလိုမလုပ်နိုင်ခဲ့ပါဘူး" ဟုပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ဘာစီလိုနာအသင်းကို အံ့အားသင့်ဖွယ်အနိုင်ယူကာ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ နှစ်နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ဇွန်လ (၁)ရက်နေ့တွင် အေဂျက်စ် - စပါး ပွဲမှအနိုင်ရသည့်အသင်းနှင့် မက်ဒရစ်မြို့ရှိ ဝမ်ဒါမက်ထရိုပိုလီတာနိုကွင်းတွင် ဗိုလ်လုပွဲကစားရမည်ဖြစ်သည်။

Most Read

Most Recent