ကစားသမားသစ်များခေါ်ယူရန်အတွက်အသင်းရှိ နာမည်ကြီးကစားသမားအချို့ကို ရောင်းချရန် အာဆင်နယ်အသင်း စီစဉ်နေ

ကစားသမားသစ်များခေါ်ယူရန်အတွက်အသင်းရှိ နာမည်ကြီးကစားသမားအချို့ကို ရောင်းချရန် အာဆင်နယ်အသင်း စီစဉ်နေ
Photo: Getty Images & Goal
Photo: Getty Images & Goal
Published 8 May 2019

လာမည့်နွေရာသီ၌ အာဆင်နယ်အသင်း ရောင်းချမည့် ကစားသမားစာရင်းတွင် နာမည်ကြီးများဖြစ်သော ဂျာမနီလက်ရွေးစင်ဟောင်း အိုဇေးလ်နှင့် အာမေးနီးယားတောင်ပံကစားသမား မစ်ခီတာရီယန်တို့ ပါဝင်နေကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့တွင် ကစားသမားသစ်များခေါ်ယူနိုင်ရန်အတွက် အသင်းရှိ နာမည်ကြီးကစားသမားအချို့ကို ရောင်းချရန်စီစဉ်နေကြောင်း Goal.com ကဖော်ပြခဲ့သည်။

လာမည့်နွေရာသီ၌ အာဆင်နယ်အသင်း ရောင်းချမည့် ကစားသမားစာရင်းတွင် နာမည်ကြီးများဖြစ်သော ဂျာမနီလက်ရွေးစင်ဟောင်း အိုဇေးလ်နှင့် အာမေးနီးယားတောင်ပံကစားသမား မစ်ခီတာရီယန်တို့ ပါဝင်နေကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်ရာသီများက အပြောင်းအရွှေ့ကိစ္စများဆောင်ရွက်ရာတွင် ငွေကြေးသုံးစွဲမှုလျော့နည်းခဲ့သလို၊ လာမည့်ရာသီအတွက်လည်း အပြောင်းအရွှေ့ဘတ်ဂျက်အနည်းငယ်သာ ချပေးဖွယ်ရှိသည့်အတွက် အသင်းရှိကစားသမားများကို ရောင်းချကာ ကစားသမားသစ်များခေါ်ယူရန် နည်းပြအမ်မရီက စီစဉ်နေခြင်းဖြစ်သည်။

အာဆင်နယ်အသင်းသည် ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ထိပ်ဆုံး (၄)သင်းစာရင်းဝင်ရန် မျှော်လင့်ချက်မရှိသလောက်နည်းပါးနေသော်လည်း ယူရိုပါလိဂ်ပြိုင်ပွဲတွင် ဗိုလ်လုပွဲတက်ရောက်ရန် အခြေအနေကောင်းလျက်ရှိသည်။

ယခုရာသီ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့တွင် အာဆင်နယ်အသင်းသည် ဗလင်စီယာအသင်းကို (၃-၁)ဂိုးဖြင့်အနိုင်ရရှိထားပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပါက ချယ်လ်ဆီး - ဖရန့်ဖတ်ပွဲမှ အနိုင်ရသည့်အသင်းနှင့် တွေ့ဆုံမည်ဖြစ်သည်။

အာဆင်နယ်အသင်းသည် ယူရိုပါလိဂ်ဖလားရယူကာ ချန်ပီယံလိဂ်ဝင်ခွင့်ရရန် ရည်မှန်းနေခြင်းဖြစ်ပြီး အသင်းကိုကစားသမားသစ်များဖြင့် အားဖြည့်သွားရန်စီစဉ်နေခြင်းဖြစ်သည်။

လာမည့်နွေရာသီတွင် အာဆင်နယ်အသင်းရောင်းချမည့် ကစားသမားစာရင်း၌ အိုဇေးလ်၊ မစ်ခီတာရီယန်တို့အပြင် နောက်ခံလူများဖြစ်သည့် ယန်ကင်ဆန်နှင့် မူစတာဖီ၊ ကွင်းလယ်လူ အလ်လ်နန်နီတို့ပါ ပါဝင်နေကြောင်းသိရသည်။

Most Read

Most Recent