ယခုရာသီကုန်တွင် အက်သလက်တီကိုအသင်းမှ ထွက်ခွာမည်ဟု ဂိုဒင် အတည်ပြု

ယခုရာသီကုန်တွင် အက်သလက်တီကိုအသင်းမှ ထွက်ခွာမည်ဟု ဂိုဒင် အတည်ပြု
Photo: Reuters
Photo: Reuters
Published 7 May 2019

အက်လသက်တီကိုမက်ဒရစ်အသင်း၏ ဥရုဂွေးဝါရင့်နောက်ခံလူ ဂိုဒင်သည် ယခုရာသီကုန်တွင် အသင်းမှထွက်ခွာမည်ဖြစ်ကြောင်း မေလ (၇)ရက်နေ့က ပြုလုပ်ခဲ့သည့် ဆီဗီလာအသင်းနှင့် ကစားမည့်ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် အတည်ပြုပြောကြားခဲ့သည်။

အက်သလက်တီကိုအသင်းသည် မေလ (၁၂)ရက်နေ့တွင် ယခုရာသီလာလီဂါ အိမ်ကွင်းနောက်ဆုံးပွဲစဉ်အဖြစ် ဆီဗီလာအသင်းနှင့် ကစားရမည်ဖြစ်သည်။

ဂိုဒင်က အဆိုပါပွဲစဉ်မှာ အက်သလက်တီကိုအသင်း၏ အိမ်ကွင်း ဝမ်ဒါမက်ထရိုပိုလီတာနိုကွင်းတွင် မိမိအနေဖြင့် အသင်းအတွက် နောက်ဆုံးကစားသည့် ပွဲစဉ်ဖြစ်လာမည်ဟုု ပြောကြားခဲ့သည်။

ဂိုဒင်က '' လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် ဆီဗီလာနဲ့ပွဲက ဝမ်ဒါမက်ထရိုပိုလီတာနိုကွင်းမှာ ကျွန်တော်နောက်ဆုံးကစားတဲ့ ပွဲစဉ်ဖြစ်လာပါလိမ့်မယ်'' ဟု ပြောကြားခဲ့ပြီးနောက် ယင်းသတင်းစာရှင်းလင်းပွဲတွင် ငိုကြွေးခဲ့သည်ကို ဗီဒီယိုဖိုင်များတွင် မြင်တွေ့ခဲ့ရသည်။

သို့သော် ဂိုဒင်က အက်သလက်တီကိုအသင်းမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းအတွက် နောင်တမရကြောင်း ပြောကြားခဲ့သည်။

အသက် (၃၃)နှစ်အရွယ်ရှိပြီဖြစ်သည့် ဂိုဒင်သည် အက်သလက်တီကိုအသင်းကို ၂၀၁၀ ခုနှစ်က ဗီလာရီးယဲလ်အသင်းမှ ယူရို (၈)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် (၉)ရာသီအတွင်း ပြိုင်ပွဲစုံ ပွဲ(၃၈၀)အထိ ကစားထားသူဖြစ်သည်။

ဂိုဒင်က မိမိအနေဖြင့် အသက် (၄၀)အထိ ဘောလုံးကစားသွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပြီး၊ ၄င်းအနေဖြင့် စီးရီးအေကလပ် အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

Most Read

Most Recent