ပြည်တွင်းအဓိကစားသုံးသည့် ဆန်ချောစျေးတစ်အိတ်လျှင် ကျပ် ၂၀၀၀ ခန့် စျေးတက်ပြီး မြောင်းမြ/ပုသိမ်ပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၄၀၀၀၀ မှ ၄၃၀၀၀ ဝန်းကျင်ရှိနေ

ပြည်တွင်းအဓိကစားသုံးသည့် ဆန်ချောစျေးတစ်အိတ်လျှင် ကျပ် ၂၀၀၀ ခန့် စျေးတက်ပြီး မြောင်းမြ/ပုသိမ်ပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၄၀၀၀၀ မှ ၄၃၀၀၀ ဝန်းကျင်ရှိနေ
ရန်ကုန်မြို့ရှိ ၀ါးတန်းဆန်ကုန်စည်ဒိုင်ကို ဧပြီ ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်မြို့ရှိ ၀ါးတန်းဆန်ကုန်စည်ဒိုင်ကို ဧပြီ ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 29 April 2019
နီလာ

ပြည်တွင်းစားသုံးသည့် ဆန်ချောစျေး ယခင်သီတင်းပတ်ကထက် တစ်အိတ်လျှင် ကျပ် ၂၀၀၀ ခန့် စျေးတက်လာပြီး မြောင်းမြ / ပုသိမ်ပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၄၀၀၀၀ မှ ၄၃၀၀၀ ဝန်းကျင်ရှိနေကြောင်း  မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ သိရသည်။

ပြီးခဲ့သည့် ဧပြီ ၂၀ ရက်က မြောင်းမြ/ပုသိမ်ပေါ်ဆန်းတစ်အိတ်လျှင် အနိမ့်ဆုံးကျပ် ၃၈၀၀၀ မှ အမြင့်ဆုံး ကျပ် ၄၂၀၀၀ စျေးရှိခဲ့သော်လည်း ဧပြီ ၂၉ ရက်တွင် မြောင်းမြ/ ပုသိမ်ပေါ်ဆန်းတစ်အိတ်လျှင် အနိမ့်ဆုံး ကျပ် ၄၀၀၀၀ မှ အမြင့်ဆုံး ကျပ် ၄၃၀၀၀ ဝန်းကျင် ရှိနေခဲ့ကြောင်း သိရသည်။

ဧပြီ ၂၀ ရက်က ၁၀၈ ပေါင်ရှိ ရက် ၉၀ တစ်အိတ်လျှင် ၁၉၅၀၀ ကျပ်မှ ၂၀၅၀၀ ကျပ် ကြားစျေးရှိခဲ့ပြီး ဧပြီ ၂၉ ရက်တွင် ရက် ၉၀ ရှယ်တစ်အိတ်လျှင် ကျပ် ၁၉၀၀၀ မှ  ၂၁၅၀၀ ကျပ်စျေးရှိကာ စျေးအနည်းငယ်တက်လာကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များ အသင်းမှ သိရသည်။

ဧပြီ ၂၉ ရက်က ဧည့်မထ ၂၅ မှတ် ဆန်တစ်အိတ်လျှင် အနိမ့်ဆုံး ၁၈၅၀၀ ကျပ်မှ အမြင့်ဆုံး ၁၉၅၀၀ ကျပ်စျေးရှိခဲ့သည်။ ဧပြီ  ၂၀ ရက်က ဧည့်မထ ၂၅ မှတ်ဆန်တစ်အိတ်လျှင်  ၁၇၃၀၀ ကျပ်မှ ကျပ် ၁၈၀၀၀ ကြားစျေးရှိခဲ့သည်။ ဧပြီ ၆ ရက်က ဧည့်မထ ၂၅ မှတ်ဆန် တစ်အိတ်လျှင် ၁၇၇၀၀ ကျပ်မှ ကျပ် ၁၈၀၀၀ ကြားစျေးရှိခဲ့သဖြင့် ၁၀ ရက်ခန့်အတွက် တစ်အိတ်လျှင် ကျပ် ၄၀၀ စျေးကျခဲ့သည်။ သို့သော် ဧပြီ ၂၀ နှင့် ဧပြီ ၂၉ ရက်တွင်ဖြစ်ပေါ်ခဲ့သည့် စျေးကိုနှိုင်းယှဉ်ပါက တစ်အိတ်လျှင် ကျပ် ၅၀၀ ဝန်းကျင်စျေးတက်လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှ ဆန်ကို ပြည်ပတင်ပို့ရာ၌ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အီးယူစျေးကွက်၊ အာဖရိကစျေးကွက်သို့ တင်ပို့လျက်ရှိ ပြီး မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေသည်။

အနောက်အာဖရိကမှ အိုင်ဗရီကို့စ်နိုင်ငံရှိ ကျန်းမာရေးတာဝန်ရှိသူများသည်  မြန်မာနိုင်ငံမှ တင်ပို့သည့် ဆန်တန်ချိန် ၁၈၀၀၀  ကို လူစားသုံးရန်မသင့်ဟုဆိုကာ ဖျက်ဆီးခဲ့ကြောင်း သတင်းဌာနများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံမှဆိုသော ယင်းဆန်များအား တာဝန်ရှိသူများက ကုန်တင်ကားတစ်စီးနှင့် တင်ဆောင်ပြီး စွန့်ပစ်ပစ္စည်းစုပုံသည့် နေရာတွင် ဖျက်ဆီးခဲ့ကြောင်း BBC Africa Live  စာမျက်နှာက ဖော်ပြခဲ့သည်ဟု africanews.com က ဖော်ပြခဲ့သည်။

ဂါနာ၊ ဂီနီအာနှင့် တိုဂိုနိုင်ငံတို့က ထိုဆန်များအား အရည်အသွေးနှင့်ပတ်သက်ပြီး လက်မခံနိုင်ဟုဆိုကာ ပယ်ချခဲ့ကြောင်း၊ နောက်ဆုံးတွင် ထိုဆန်အိတ်များသည် အိုင်ဗရီကို့စ်မြို့တော် အာဘစ်ဂျန်ဆိပ်ကမ်းတွင်  တင်ချခွင့်ရခဲ့ပြီးနောက် အရည်အသွေးထိန်းချုပ်စစ်ဆေးချက်များအရ လူများစားသုံးရန်မသင့်ဟု တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းက ဖော်ပြခဲ့သည်။

“မြန်မာနိုင်ငံရဲ့ Export ဆန်အားလုံးရဲ့ ရာခိုင်နှုန်း ၅၀ က အာဖရိကကိုသွားတာ။ အာဖရိကစျေးကွက်က ကျယ်ပြန့်တယ်” ဟု ဦးသန်းဦးက ဆိုသည်။                         

Most Read

Most Recent