ကျေးရွာတစ်ရွာလျှင် တီဗွီတစ်လုံးနှုန်း လှူဒါန်းခဲ့တဲ့ YINGOS ရဲ့ ပရဟိတ လုပ်ငန်း (Advertorial)

ကျေးရွာတစ်ရွာလျှင် တီဗွီတစ်လုံးနှုန်း လှူဒါန်းခဲ့တဲ့ YINGOS ရဲ့ ပရဟိတ လုပ်ငန်း (Advertorial)
Published 24 September 2018

ကျေးရွာတစ်ရွာလျှင် တီဗွီတစ်လုံး လှူဒါန်းခြင်း အစီအစဉ်ဖြင့် ရှမ်းပြည်နယ်မှာရှိတဲ့ ကျေးရွာပေါင်း (၁၂၀)မှာ စတင် လှူဒါန်းခဲ့တဲ့ Yunnan International Non-Government Organization Society (YINGOS) ရဲ့ ပရဟိတလုပ်ငန်းက တမူထူးခြားလို့ နေခဲ့တယ်။ ကျေးလက်နေပြည်သူများ ပြင်ပမှ သတင်းအချက်အလက်များ လွယ်ကူစွာ ရရှိနိုင်စေဖို့ ရည်ရွယ်ခဲ့တဲ့ အဆိုပါ လှူဒါန်းမှုမှာ တီဗွီအပြင် ဆိုလာပြား၊ Skynet ဂြိုဟ်တုစလောင်းနှင့် သုံးနှစ်စာ ဝန်ဆောင်မှုတို့လည်း ပါဝင်ခဲ့ပြီး ရွှေသံလွင် မိသားစုမှလည်း ပူးပေါင်းပံ့ပိုး ပေးခဲ့တာ ဖြစ်ပါတယ်။ YINGOS အဖွဲ့အစည်းဟာဆိုရင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်မှာ ၁၉၉၃ ခုနှစ်က စတင် တည်ထောင်ခဲ့တဲ့ ပရဟိတ အဖွဲ့အစည်း တစ်ခုဖြစ်ပြီး အားနည်းသူများကို စောင့်ရှောက်ခြင်းနဲ့ ဆက်ဆံရေး ပိုမို ကောင်းမွန်လာစေဖို့ မြန်မာနိုင်ငံမှာ ပရဟိတ စီမံကိန်း (၈)ခုကို ၂၀၁၄ ခုနှစ်ကတည်းက စတင်အကောင်အထည် ဖော်ခဲ့တဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ ကျေးလက်တောရွာ ကလေးများ၏ ကျန်းမာရေး အတွက်လည်း လစ်လျူရှုမထားဘဲ ဆေးရုံဆေးခန်း ပတ်ဝန်းကျင်နှင့် ဆေးကုသမှုဆိုင်ရာ လိုအပ်ချက်များ ပြုပြင် ပြောင်းလဲပေးခြင်း၊ ကျောင်းဝန်း အတွင်းရှိ သောက်သုံးရေကို အန္တရာယ်ကင်းစွာ သောက်သုံးနိုင်ရန် ဖြေရှင်းပေးခြင်းဖြင့် မူဆယ်ဒေသနေ ပြည်သူများ၏ ကျန်းမာရေး အခြေအနေ မြှင့်တင်ပေးရေးတွင်လည်း ကျန်းမာရေး ဦးစီးဌာန၊ မိခင်နှင့်ကလေး တိုးတက်ဖွံ့ဖြိုးရေး စင်တာတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့မှုကလည်း YINGOS ၏ ပရဟိတ မှတ်တိုင်တစ်ခုပင် ဖြစ်ပါတယ်။ မူဆယ်ဒေသရှိ ဆရာဝန်များနဲ့ သူနာပြုများအား သင်တန်းများပေးခြင်း၊ ဆေးပညာနှီးနှောဖလှယ်ပွဲများ ကျင်းပပေးခြင်း၊ မူဆယ်ပြည်သူ့ဆေးရုံကြီးသို့ တန်ဖိုးငွေ (1591100 RMB)ရှိသော ဆေးကုသမူဆိုင်ရာ အထောက်အပံ့ ပစ္စည်းများ လှူဒါန်းခြင်း မူဆယ်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ကလေးသူငယ် (၈၀၃)ဦးအား အာဟာရရှိသော အစားအစာများ ထောက်ပံ့ပေးခြင်း၊ မူဆယ်မြို့ရှိ ကျောင်း (၆)ကျောင်းအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သောက်သုံးရေ ရရှိနိုင်ဖို့ ရေသန့်စက်များ လှူဒါန်းပေးမှုကလည်း မူဆယ်ဒေသတွင်း ပြည်သူများအတွက် ဝမ်းမြောက်ဖွယ်ရာ ဖြစ်ခဲ့ရတဲ့ YINGOS ရဲ့ လှူဒါန်းမှုပင် ဖြစ်ပါတယ်။ ယင်းအပြင် Yangon Noble Language Center နှင့် ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တစ်ကျောင်းလျှင် တီဗွီတစ်လုံး လှူဒါန်းခြင်း အစီအစဉ်အရ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းပေါင်း (၂၃၄)အတွက် တီဗွီ၊ Skynet စက်နှင့် သုံးနှစ်စာ ဝန်ဆောင်မှုတို့ကို လှူဒါန်းခဲ့သည်မှာ အဆိုပါ ကျောင်းများရှိ ကိုရင်၊ သီလရှင်များနဲ့ မိဘမဲ့ ကလေးများကို အမြဲအလေးထားသည့် YINGOS ၏ အံ့မခန်း စေတနာပင် ဖြစ်ပါတယ်။ စက်မှုကဏ္ဍ မြှင့်တင်ရေး တစ်ဖက်တစ်လှမ်းမှ ကူညီမှုအဖြစ် မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စက်မှုလုပ်ငန်းနှင့် ကူးသန်းရောင်းဝယ်ရေး အသင်းအဖွဲ့ ရုံးခန်းအသစ် တိုးချဲ့ဆောက်လုပ်ရေးအတွက် တရုတ်ယွမ်ငွေ ၂ သိန်းကိုလည်း YINGOS မှ ကူညီခဲ့ပြန်သေးတယ်။ တီဗွီ၊ ဂြိုဟ်တုစလောင်း ရုပ်သံဖမ်းစက်၊ မီးအားထိန်းစက်၊ EVD၊ ဂြိုဟ်တုစလောင်း၊ စာအုပ်၊ စာအုပ်စင်၊ သတင်းစာစင်၊ စားပွဲထိုင်ခုံ စတဲ့ ပစ္စည်းများ လှူဒါန်းပြီး ကျေးလက်ဒေသရှိ စာကြည့်တိုက်များ တိုးတက်ရေးအတွက် ပါဝင်ခဲ့သလို လယ်ယာကဏ္ဍ အဆင့်မြှင့်တင်ရေးအတွက်လည်း စိုက်ပျိုးရေး သင်တန်းပေးခြင်း၊ ကုန်ထုတ်နည်းပညာ မြှင့်တင်ရေးတွင် ပါဝင်ပေးခြင်းဖြင့် YINGOS ၏ သူမတူသော ပရဟိတလုပ်ငန်းကို ဆက်လက် သယ်ပိုးခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှစပြီး မြန်မာပြည်သူများရဲ့ လိုအပ်ချက်များကို ဘက်ပေါင်းစုံမှ လိုလေးသေးမရှိအောင် ဆောင်ရွက်နေတဲ့ YINGOS ရဲ့ ရှေ့ခရီးလမ်းများတွင်လည်း တမူထူးခြားတဲ့ ပရဟိတများနဲ့ ဆက်လက်ဆောင်ရွက်သွားဖို့ ရည်သန်ရင်း။