၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စီရော်နယ်လ်ဒို အပြေးအမြန်ဆုံးဖြစ်

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စီရော်နယ်လ်ဒို အပြေးအမြန်ဆုံးဖြစ်
Published 17 July 2018

ဂျူဗင်တပ်စ်အသင်း၏ ကစားသမားသစ်ဖြစ်လာသည့် စီရော်နယ်လ်ဒိုသည် အသက် (၃၃)နှစ်အရွယ်ရှိပြီ ဖြစ်သော်လည်း ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အပြေးအမြန်ဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သည်ဟု သိရှိရသည်။

စီရော်နယ်လ်ဒိုသည် စပိန်အသင်းနှင့် ကစားခဲ့သည့် အုပ်စုအဖွင့်ပွဲစဉ်တွင် တစ်နာရီ (၃၄)ကီလိုမီတာနှုန်းအထိ ပြေးနိုင်ခဲ့ကာ အပြေးအမြန်ဆုံးကစားသမားများစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့ခြင်းဖြစ်သည်။

၎င်းမှာ ခရိုအေးရှားအသင်းမှ ရယ်ဘစ်နှင့်အတူ ပူးတွဲရပ်တည်ခဲ့ပြီး ယင်းနောက်တွင် ပီရူးအသင်းမှ အက်ဗင်ကျူလာ၊ ကိုလံဘီယာ အသင်းမှ အာရီယက်စ်၊ အင်္ဂလန်အသင်းမှ ဝေါ်လ်ကာတို့က ထိပ်ဆုံး (၅)နေရာတွင် ပါဝင်ခဲ့ကြသည်။

ယခုစာရင်းတွင် ပြင်သစ်လူငယ်ကြယ်ပွင့်ကစားသမား ဘာပေမှာ ပါဝင်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ဖလား၏ အပြေးအမြန်ဆုံး(၂၀)ဦး

အမည် တစ်နာရီနှုန်း(ကီလိုမီတာ)

စီရော်နယ်လ်ဒို(ပေါ်တူဂီ) ၃၄

ရယ်ဘစ်(ခရိုအေးရှား) ၃၄

အက်ဗင်ကျူလာ(ပီရူး) ၃၃.၈

အာရီယက်စ်(ကိုလံဘီယာ) ၃၃.၆

ဝေါ်လ်ကာ(အင်္ဂလန်) ၃၃.၅

လင်ဂတ်(အင်္ဂလန်) ၃၃.၅

ရိုင်ဘတ်စ်(ပိုလန်) ၃၃.၃

မာကင်ဟို့စ်(ဘရာဇီးလ်) ၃၃.၃

ဂိုလိုဗင်(ရုရှား) ၃၃.၃

ကာဗာဟယ်လ်(စပိန်) ၃၃.၃

လိုဇာနို(မက္ကဆီကို) ၃၃.၃

ဟွမ်ဟီချန်(တောင်ကိုရီးယား) ၃၃.၃

ကရုစ်(သြစတြေးလျ) ၃၃.၁

အူရေညာ(ကော်စတာရီကာ) ၃၃.၁

ကွာဒရာဒို(ကိုလံဘီယာ) ၃၃.၁

လက်ကီး(သြစတြေးလျ) ၃၃.၁

စတာလင်(အင်္ဂလန်) ၃၃.၁

ဘယ်ရက်စကီး(ပိုလန်) ၃၃.၁

မိုဟီကာ(ကိုလံဘီယာ) ၃၃.၁

ရပ်ရှ်ဖို့ဒ်(အင်္ဂလန်) ၃၃.၁

Photos:AFP

Most Read

Most Recent