ပိုကောင်းသည့်အသင်းမှာ တစ်ခါတစ်ရံ အနိုင်မရတတ်ဟု မိုဒရစ် ဆို

ပိုကောင်းသည့်အသင်းမှာ တစ်ခါတစ်ရံ အနိုင်မရတတ်ဟု မိုဒရစ် ဆို
Published 16 July 2018

ခရိုအေးရှားအသင်းခေါင်းဆောင် မိုဒရစ်က သူ၏အသင်းမှာ ကမ္ဘာ့ဖလားဗိုလ်လုပွဲကစားသည့် ပြင်သစ်နှင့်ပွဲတွင် ပိုကောင်းသည်ဟု ယုံကြည်နေပြီး တစ်ခါတစ်ရံ ပိုကောင်းသည့်အသင်းမှာ အနိုင်မရတတ်ဟုလည်း ပြောကြားခဲ့သည်။

မိုဒရစ်သည် ရော်နယ်လ်ဒို၊ အိုလီဗာခန်း၊ ဇီဒန်း၊ မက်ဆီတို့ကဲ့သို့ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် အရေးနိမ့်ခဲ့သော်လည်း ရွှေဘောလုံးဆုကို ဆွတ်ခူးနိုင်ခဲ့သူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

(၃၂)နှစ်အရွယ်ရှိ အဆိုပါကွင်းလယ်လူက ယင်းရွှေဘောလုံးဆုကို လက်ခံရရှိသည့် အတွက် ဂုဏ်ယူသော်လည်း ခရိုအေးရှားအသင်းနှင့်အတူ အမှန်တကယ်ဆုဖလားရယူလိုကြောင်း ဝန်ခံခဲ့သည်။

သတင်းထောက်များက မိုဒရစ်ကို ခရိုအေးရှား ကံမကောင်းခဲ့သလားဟု မေးမြန်းမှုကို ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

 

'' ဟုတ်ပါတယ်။ ကျွန်တော်လည်းပဲ ဒီလိုယူဆပါတယ်။ လူတိုင်းလည်း ကျွန်တော်တို့ ကောင်းစွာကစားခဲ့တယ်လို့ ခံစားရပါလိမ့်မယ်။ ကျွန်တော်တို့က ပိုကောင်းတဲ့အသင်းလို့ ထင်မြင်မိပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံ ပိုကောင်းတဲ့အသင်းက အနိုင်မရတတ်ပါဘူး'' ဟု မိုဒရစ်က ပြောကြားခဲ့သည်။

ထို့ပြင် မိုဒရစ်က ပြင်သစ်အသင်းဘက်ကို ဒိုင်လူကြီးက ပယ်နယ်တီပေးခဲ့မှုအတွက် အံ့အားသင့်မိကြောင်းလည်း ဝန်ခံခဲ့သည်။

 

Most Read

Most Recent