မက်ဆီ၊ အဲရစ်ဆင်၊ ဟာရီကိန်းတို့ကဲ့သို့ ဘာပေနှင့် ဂရီးဇ်မန်းကိုလည်း ထိန်းချုပ်နိုင်သည်ဟု ဒါလစ် ပြောကြား

မက်ဆီ၊ အဲရစ်ဆင်၊ ဟာရီကိန်းတို့ကဲ့သို့ ဘာပေနှင့် ဂရီးဇ်မန်းကိုလည်း ထိန်းချုပ်နိုင်သည်ဟု ဒါလစ် ပြောကြား
Published 14 July 2018

ခရိုအေးရှားအသင်းနည်းပြ ဒါလစ်က ကမ္ဘာ့အဆင့်တိုက်စစ်ကစားသမားများဖြစ်သည့် မက်ဆီ၊ အဲရစ်ဆင်၊ ဟာရီကိန်းတို့ကို ထိန်းချုပ်နိုင်ခဲ့သလို ပြင်သစ်အသင်းတိုက်စစ်မှူး ဘာပေနှင့် ဂရီးဇ်မန်းတို့ကိုလည်း ထိန်းချုပ်နိုင်လိမ့်မည်ဖြစ် ကြောင်း သုံးသပ်ပြောကြားသည်။

ဘာပေနှင့် ဂရီးဇ်မန်းသည် ယခုပြိုင်ပွဲတွင် (၃)ဂိုးစီသွင်းယူထားပြီး ပြင်သစ်အသင်းရရှိထားသည့် (၁၀) ဂိုးအနက် ထက်ဝက်ကျော်သွင်းယူပေးထားခြင်းဖြစ်သည်။

အထူးသဖြင့် အသက် ၁၉ နှစ်သာရှိသေးသည့် ဘာပေသည် အာဂျင်တီးနား၊ ဘယ်လ်ဂျီယံအသင်းတို့နှင့်ပွဲစဉ်များတွင် ခြေစွမ်းပြကစားနိုင်ခဲ့သောကြောင့် ၎င်း၏လျင်မြန်မှုအား ခက်ခက်ခဲခဲထိန်းချုပ်ရနိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။

သို့သော် ဒါလစ်က " ခရိုအေးရှားက ကောင်းကောင်းကစားနိုင်တုန်းပါပဲ။ ပြင်သစ်အသင်းက အန္တရာယ်ရှိတဲ့အသင်းပါ။ ဒါပေမဲ့ မက်ဆီ၊ အဲရစ်ဆင်၊ (ဟာရီ) ကိန်းတို့ကို ကျွန်တော်တို့ ထိန်းချုပ်နိုင်ခဲ့သလိုပဲ ဘာပေနဲ့ ဂရီးဇ်မန်းကိုလည်း ထိန်းချုပ်နိုင်မှာပါ " ဟု တုံ့ပြန်ပြောကြားသည်။

ထို့ပြင် ၎င်းက မိမိအသင်းအနေဖြင့် တစ်ဦးချင်းအရည်အသွေးထူးချွန်မှုထက် အသင်းလိုက်ကစားပုံနှင့် စုစည်းမှုအခြေခံထားသဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခြင်းဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။ " ကျွန်တော့်အတွက်တော့ မက်ဆီက ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ပြီး နေမာကလည်း သူ့လောက်နီးပါးတော်ပါတယ်။ ဒါပေမဲ့ ဒီကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကြယ်ပွင့်ကစားသမားတွေကို အမှီပြုထားတဲ့အသင်းတွေ ထွက်သွားရပြီး အသင်းလိုက်စုစည်းမှုရှိတဲ့အသင်းတွေပဲ ဆက်ပြီးတိုက်ပွဲဝင်ခွင့်ရနေပါသေးတယ်။ ဒီပြိုင်ပွဲမှာ အံ့အားသင့်စရာတွေ အများကြီးပဲတွေ့ခဲ့ရတယ်။ အနိုင်သေချာတဲ့အသင်းဆိုတာမရှိဘဲ ခံစစ်ကို  ကောင်းကောင်းကစားနိုင်တဲ့အသင်းတွေက အခွင့်အရေးပိုသာပြီး ဘာမဆို လုပ်နိုင်စွမ်းရှိလာကြတယ်။ ကျွန်တော်တို့အသင်းလည်း လွန်ခဲ့တဲ့ ၁၀ နှစ်လောက် က ဒီလိုပြဿနာကြုံခဲ့ဖူးပါတယ် " ဟု ဒါလစ်က ဆိုသည်။

Most Read

Most Recent