ခရိုအေးရှားအသင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ်ရောက်ရှိ

ခရိုအေးရှားအသင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ်ရောက်ရှိ
Published 12 July 2018

၂၀၁၈ ကမ္ဘာ့ဖလား ဒုတိယဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ကစားခဲ့သည့် ခရိုအေးရှား-အင်္ဂလန်ပွဲတွင် ခရိုအေးရှားအသင်း ဦးဆောင်ဂိုးစပေးခဲ့ရသော်လည်း နောက်မှ ချေပဂိုးပြန်သွင်းပြီး အချိန်ပိုတွင် အနိုင်ဂိုးသွင်းကာ (၂-၁)ဂိုးဖြင့် အသင်းသမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့သည်။

အင်္ဂလန်အသင်းအတွက် ဦးဆောင်ဂိုးကို (၅)မိနစ်တွင် နောက်ခံလူ ထရစ်ပီယာက ဖရီးကစ်ကနေ လှလှပပကန်သွင်းယူခဲ့ပြီး (၆၈)မိနစ်တွင် ခရိုအေးရှားတောင်ပံကစားသမား ပါရီဆစ်က ဖြတ်တင်ဘောကတစ်ဆင့် ချေပဂိုးပြန်သွင်းခဲ့ခြင်းဖြစ်သည်။

မိနစ်(၉၀)အထိ တစ်ဂိုးစီသရေကျနေသောကြောင့် အချိန်ပိုဆက်ကစားခဲ့ရပြီး (၁၀၉)မိနစ်တွင် ပါရီဆစ်ခေါင်းတိုက်ချပေးမှုကတစ်ဆင့် မန်ဇူကစ်က အင်္ဂလန်နောက်တန်းကိုဖောက်ထွက်ကာ ဗိုလ်လုပွဲတက်စေမည့်အနိုင်ဂိုးကို အပိုင်ကန်သွင်းယူသွားခဲ့သည်။

ထရစ်ပီယာသည် ၁၉၆၆ ခုနှစ်ကတည်းက အင်္ဂလန်အသင်းအတွက် တိုက်ရိုက်ဖရီးကစ်မှ ဂိုးသွင်းယူပေးသည့် ဒုတိယမြောက်ကစားသမားဖြစ်ပြီး ပထမဆုံးကစားသမားမှာ ၁၉၉၈၊ ၂၀၀၆ ပြိုင်ပွဲများတွင် ဖရီးကစ်ဂိုးများသွင်းခဲ့သည့် ဒေးဗစ်ဘက်ခမ်ဖြစ်သည်။

England's coach Gareth Southgate (2ndR) speaks to England's forward Harry Kane and other players before the second half of extra time in the Russia 2018 World Cup semi-final football match between Croatia and England at the Luzhniki Stadium in Moscow on July 11, 2018. / AFP PHOTO / YURI CORTEZ / RESTRICTED TO EDITORIAL USE - NO MOBILE PUSH ALERTS/DOWNLOADS

ယခင်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲများတွင် ပထမပိုင်းဦးဆောင်ခဲ့သည့် အသင်း(၁၈)သင်းတွင် (၁)သင်းသာ ရှုံးပွဲရှိခဲ့ကာ ၁၉၉၀ ကမ္ဘာ့ဖလားတွင် အိမ်ရှင် အီတလီမှာ အာဂျင်တီးနားအသင်းကို ပယ်နယ်တီဖြင့် အရေးနိမ့်ခဲ့ရပြီး ယခု အင်္ဂလန်အသင်းမှာ ဒုတိယမြောက်အသင်းဖြစ်ခဲ့သည်။

အင်္ဂလန်အသင်းသည် ယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင် Set-piecesမှတစ်ဆင့် သွင်းဂိုး(၉)ဂိုးအထိရှိခဲ့ပြီး ၁၉၆၆ ကတည်းက ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုတည်းတွင် Set-Pieceမှ ဂိုးသွင်းယူမှုအများဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

 

Most Read

Most Recent