သတင်းတိုများ စုစည်းဖော်ပြမှု

သတင်းတိုများ စုစည်းဖော်ပြမှု
Published 12 July 2018

 

Photos: AFP

■  ပေါ့ဘာအား အလန်ရှီးယား ဝေဖန်

နယူးကာဆယ်အသင်း၏ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သူ အလန်ရှီးယားက ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာအား ကလပ်အသင်းနှင့် လက်ရွေးစင်အသင်း စွမ်းဆောင်ရည်ကွာခြားခြင်းအတွက် ဝေဖန်ပြောကြားခဲ့သည်။ပေါ့ဘာသည် ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သော ၂၀၁၈ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ် ပြင် သစ်(၁-ဝ)ဘယ်လ်ဂျီယံပွဲတွင် ခြေစွမ်းပြခဲ့ပြီး အသင်းအား ဗိုလ်လုပွဲသို့ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့သည်။အလန်ရှီးယားက ပေါ့ဘာအနေဖြင့် လက်ရွေးစင်အသင်းတွင် ပိုမိုကြိုးစားကစားပြီး မန်ယူအသင်းအင်္ကျီဝတ်ဆင်ကစားလျှင် ကြောက်ရွံ့သကဲ့သို့ဖြစ်နေကြောင်း ဝေဖန်ခဲ့သည်။ သူ၏စကားကို မန်ယူနောက်ခံလူ ရီယိုဖာဒီနန်ကလည်း မှန်ကန်ကြောင်း ထောက်ခံပြောကြားခဲ့သည်။

■  ကော်တိုအာ၏စကားကို ဘာပေ တုံ့ပြန်

ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ ဘာပေက ဘယ်လ်ဂျီယံဂိုးသမား ကော်တိုအာ ဝေဖန်ပြောဆိုခဲ့သည့်စကားကို မီဒီယာများမှတစ်ဆင့် ပြန်လည်တုံ့ပြန်ခဲ့သည်။ပြင်သစ်(၁-ဝ)ဘယ်လ်ဂျီယံ ဆီမီးဖိုင်နယ်ပွဲအပြီးတွင် ကော်တိုအာက ပြင်သစ်အသင်းမှာ ခံစစ်ကို အလွန်အသားပေးကစားခဲ့ကြောင်းနှင့် ဘယ်လ်ဂျီယံအသင်းမှာ ပိုကောင်းသည့်အသင်းဖြစ်သော်လည်း အနိုင်မရခဲ့ ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ကော်တိုအာ၏စကားနှင့်ပတ်သက်၍ မီဒီ ယာများ၏မေးမြန်းမှုအပေါ် ဘာပေက " ဒီအချိန်မှာ သူတို့(ဘယ်လ်ဂျီယံကစား သမားများ)ပြောချင်သလို ပြောနိုင်ပါတယ်။ ကျွန်တော်မှားခဲ့ရင်တော့ တောင်းပန်ပါတယ်။ အခုချိန်မှာတော့ ကျွန်တော်တို့က ဗိုလ်လုပွဲကို သွားနေပါပြီ" ဟု တုံ့ပြန်ပြောကြားခဲ့သည်။

■  ထူးခြားမှတ်တမ်းတစ်ခုကို ဒေးရွှမ့်ရရှိ

ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒေးရွှမ့်သည် သူ၏အသင်းအား ၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ရာ ထူးခြားမှတ်တမ်းတစ်ခုကို ပိုင်ဆိုင်ခဲ့ကြောင်း သိရှိရသည်။၎င်းမှာ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ကစားသမားအဖြစ်ရော နည်းပြအဖြစ်ပါ ဆင်နွှဲဖူးသည့် (၄)ဦးမြောက် ပုဂ္ဂိုလ်ဖြစ်လာခြင်းဖြစ်သည်။ယခင်က ယင်းမှတ်တမ်းတင်ရှိခဲ့သူများမှာ ဂျာမနီ ဂန္ထဝင်ဘက်ကင်ဘောင်ဝါ၊ ဘရာဇီးလ်ဂန္ထဝင် ဇာဂါလိုနှင့် ဂျာမနီဂန္ထဝင် ရူဒီဗောင်လာတို့ဖြစ်ကြသည်။

Most Read

Most Recent