သတင်းတိုများ စုစည်းဖော်ပြမှု

သတင်းတိုများ စုစည်းဖော်ပြမှု
Published 12 July 2018

 

Photos: AFP

■ ပြင်သစ်အသင်းလူငယ်တိုက်စစ်မှူး ဘာပေသည် ဘယ်လ်ဂျီယံအသင်းနှင့် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်၌ လိမ်ခေါက်မှု(၁၅)ကြိမ်တွင် (၇)ကြိမ်အောင်မြင်ခဲ့ရာ ပြင်သစ်အသင်းသမိုင်းတွင် အများဆုံး ဖြစ်ခဲ့သည်။

■ ဘရာဇီးလ်အသင်းတိုက်စစ်မှူး နေမာသည် ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လူကျွံဘောအများဆုံးကစားသမား (၆) ကြိမ်ဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေကြောင်း သိရှိရသည်။

■ ပြင်သစ်အသင်းနောက်ခံလူ အမ်တီတီက ၎င်း၏ တစ်လုံးတည်းသောဂိုးဖြင့် ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည့်အတွက် အလွန်ဂုဏ်ယူမိကြောင်းနှင့် အသင်းနှင့်အတူ သမိုင်းသစ်ရေးထိုးသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

■ အာဆင်နယ်အသင်းနည်းပြဟောင်း အာစင်ဝင်းဂါးက ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်ထွက်ခွာခဲ့သည့် ဂျာမနီအသင်းတွင် တရားခံဖြစ်ခဲ့သည့် အိုဇေးလ်မှာ ပရိသတ်များ၏ အားပေးမှုကိုလိုအပ်ကြောင်း ပြောကြားခဲ့သည်။

■ ဘယ်လ်ဂျီယံအသင်းနည်းပြ မာတီနက်ဇ်က ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်တွင် ပြင်သစ်အသင်းအား (၁-ဝ)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း အသင်းကစားသမား၏ စွမ်းဆောင်မှုအတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။

■ ပြင်သစ်အသင်း၏ လူငယ်တိုက်စစ်မှူး ဘာပေက ၎င်းအနေဖြင့် Ballon d'Or ဆုကို ဂရုမစိုက်ကြောင်းနှင့် ကမ္ဘာ့ဖလားချန်ပီယံဆုကိုသာ ရယူလိုကြောင်း ပြောကြားခဲ့သည်။

 

Most Read

Most Recent