ခရိုအေးရှား-အင်္ဂလန်ပွဲကို ကိုင်တွယ်မည့်ဒိုင်လူကြီးမှာ အင်္ဂလန်ကစားသမား (၃)ဦးကို ထုတ်ပယ်ခဲ့ဖူးသူဖြစ်ကြောင်း Telegraph သတင်းစာ ဖော်ပြ

ခရိုအေးရှား-အင်္ဂလန်ပွဲကို ကိုင်တွယ်မည့်ဒိုင်လူကြီးမှာ အင်္ဂလန်ကစားသမား (၃)ဦးကို ထုတ်ပယ်ခဲ့ဖူးသူဖြစ်ကြောင်း Telegraph သတင်းစာ ဖော်ပြ
Published 11 July 2018

ဗြိတိန်အခြေစိုက် Telegraph သတင်းစာက ခရိုအေးရှားနှင့် အင်္ဂလန်အသင်းတို့ ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ် ပွဲစဉ်ကို ကိုင်တွယ်မည့်ဒိုင်လူကြီးမှာ အင်္ဂလန် ကစားသမား(၃)ဦးကို ထုတ်ပယ်ခဲ့ဖူးသူဖြစ် ကြောင်း ဖော်ပြခဲ့သည်။

ခရိုအေးရှား-အင်္ဂလန်ပွဲကို ကိုင်တွယ်ရန် တာဝန်ပေးခံထားရသည့် ဒိုင်လူကြီးမှာ တူရကီဒိုင် ဂျက်ကစ်ဖြစ်ပြီး အသက်(၄၁)နှစ်သာရှိသေးသည့် ဒိုင်လူကြီးတစ်ဦးဖြစ် သည်။

ဂျက်ကစ်သည် ယခုကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အုပ်စုပွဲစဉ်(၂)ပွဲသာ ကိုင်တွယ်ခဲ့ရ သူဖြစ်သလို၊ ပြီးခဲ့သည့် ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင်လည်း အုပ်စုပွဲစဉ်(၂)ပွဲနှင့် ဆီမီး ဖိုင်နယ်တစ်ပွဲ ကိုင်တွယ်ခဲ့ရသူဖြစ်သည်။

ဂျက်ကစ်ကိုတာဝန်ပေးခြင်းအတွက် ဗြိတိန် မီဒီယာများစွာက အင်္ဂလန်၏အသင်းအနေဖြင့် သတိထားရမည့် အခြေအနေဖြစ်ကြောင်း ဖော်ပြခဲ့ကြပြီး Telegraph သတင်းစာက မှတ်တမ်းဟောင်းများ ပြန်လည်ဖော်ပြခဲ့ခြင်း
လည်းဖြစ်သည်။

Telegraph က ဂျက်ကစ်သည် မန်ယူနည်းပြဟောင်း ဖာဂူဆန်နှင့် ပြဿနာဖြစ်ခဲ့ဖူးသူဖြစ်သလို၊ အင်္ဂလန်ကစား သမားများဖြစ်သည့် ဂျွန်တယ်ရီ၊ ဂျရတ်နှင့် ဂယ်ရီကာဟေးလ်တို့ကို ထုတ်ပယ်ခဲ့ဖူးသူ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဂျက်ကစ်သည် ၂၀၁၂ ခုနှစ်အတွင်း ဂျွန်တယ်ရီကို ချန်ပီယံလိဂ်ဗိုလ်လုပွဲနှင့် လွဲချော်စေမည့် ထုတ်ပယ်မှု ပြုလုပ်ခဲ့သလို၊ ဂျရတ်ကို ကမ္ဘာ့ဖလားခြေစစ်ပွဲ ၌ ယူကရိန်းနှင့်ပွဲတွင် ထုတ်ပယ်ခဲ့ပြီး ဂယ်ရီ ကာဟေးလ်ကို ချယ်လ်ဆီး
အသင်း၏ ကလပ် ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ထုတ်ပယ်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် ဂျက်ကစ်သည် အငြင်းပွားဖွယ်ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ခြင်းကြောင့် အသက်အန္တရာယ်ခြိမ်း ခြောက်မှုများနှင့် ရင်ဆိုင်ခဲ့ရဖူးသူဖြစ်ကြောင်းလည်း သိရှိရသည်။

Photo: Twitter, Youtube, AP, Reuters

Most Recent