စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့နည်းတူ မိုဒရစ်၏ရုပ်ပုံကိုလည်း ဟိုတယ်နံရံတွင်ရေးဆွဲ၍ ကာဇန်မြို့မှ ရုရှားပရိသတ်များ ဂုဏ်ပြု

စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့နည်းတူ မိုဒရစ်၏ရုပ်ပုံကိုလည်း ဟိုတယ်နံရံတွင်ရေးဆွဲ၍ ကာဇန်မြို့မှ ရုရှားပရိသတ်များ ဂုဏ်ပြု
Published 9 July 2018

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သော ခရို အေးရှားလက်ရွေးစင်အသင်း၏အသင်းခေါင်းဆောင် မိုဒရစ်ကို ကာဇန်မြို့မှ ရုရှားပရိသတ်များက စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့ နည်းတူ ဂုဏ်ပြုခဲ့ကြကြောင်း သိရှိရသည်။

ရုရှားပရိသတ်များသည် ကမ္ဘာ့အ ကောင်း ဆုံးဘောလုံးသမားနှစ်ဦးဖြစ်သော စီရော် နယ်လ်ဒိုနှင့် မက်ဆီတို့၏ ရုပ်ပုံများကို ကာ ဇန်မြို့ရှိ ဟိုတယ်နံရံများတွင် ရေးဆွဲကာ ဂုဏ်ပြုထားခဲ့ကြပြီး ယခုအခါ မိုဒရစ်၏ရုပ်ပုံ ကို ထပ်မံရေးဆွဲ၍ ဂုဏ်ပြုခဲ့ခြင်းလည်းဖြစ်သည်။

မိုဒရစ်၏ရုပ်ပုံကို မက်ဆီပုံရေးဆွဲ ထားသည့် ဟိုတယ်နံရံတစ်ဖက်ခြမ်းတွင် ရေးဆွဲခဲ့ခြင်းဖြစ်ပြီး စီရော်နယ်လ်ဒိုပုံ ရေးဆွဲ ထားသည့်ဟိုတယ်မှာလည်း ယင်းအနီးတွင် ပင် ရှိနေသည်။

မိုဒရစ်သည် စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့ကို အောင်မြင်မှု၊ ကျော်ကြား မှုများအရ ယှဉ်နိုင်ခြင်းမရှိသော်လည်း ခရို အေးရှားအသင်းအတွက် အကောင်းဆုံးခြေ စွမ်းပြကစားနေခြင်းကြောင့် ရုရှားပရိသတ်များ၏ အားပေးထောက်ခံမှုကို ရရှိနေ ကြောင်း သိရှိရသည်။

ထို့ပြင် ယခုကဲ့သို့ ရုပ်ပုံရေးဆွဲ၍ ဂုဏ် ပြုခဲ့ခြင်းမှာ ခရိုအေးရှားအသင်းသည် ဆီမီး ဖိုင်နယ်တွင် အင်္ဂလန်အသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည့်အတွက် ရုရှားပရိ သတ်များက ခရိုအေးရှားအသင်းကို အားပေး သွားမည်ဖြစ်ကြောင်း ပြသလိုက်ခြင်းဖြစ်ဖွယ် ရှိသည်ဟုလည်း တချို့က သုံးသပ်ခဲ့ကြ သည်။

ခရိုအေးရှားအသင်းသည် ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တတိယဆု ရရှိခဲ့ပြီး နောက် နှစ်ပေါင်း(၂၀)အကြာ၌ ဆီမီးဖိုင်နယ် အဆင့်သို့ တစ်ကျော့ပြန်တက်ရောက်လာ နိုင်ခဲ့ခြင်းဖြစ်ပြီး အသင်းကို ဦးဆောင်ကာ အကောင်းဆုံးခြေစွမ်းပြနေသော မိုဒရစ်မှာ လည်း ခရိုအေးရှားပရိသတ်များ၏ သူရဲ ကောင်းတစ်ဦး ဖြစ်နေသည်။

မိုဒရစ်သည် ယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခရိုအေးရှားအ သင်းအတွက် (၅)ပွဲကစားခဲ့ရာ၌ ပွဲစဉ်အ လိုက်အကောင်းဆုံးကစားသမားဆုကို (၃) ကြိမ် ရရှိထားသူလည်းဖြစ်သည်။

Most Read

Most Recent