ဖာနန်ဒင်ဟိုအား လူမျိုးရေးခွဲခြားတိုက်ခိုက်နေသည့် ဘရာဇီးလ်ပရိသတ်များကို ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ် ရှုတ်ချ

ဖာနန်ဒင်ဟိုအား လူမျိုးရေးခွဲခြားတိုက်ခိုက်နေသည့် ဘရာဇီးလ်ပရိသတ်များကို ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ် ရှုတ်ချ
Published 9 July 2018

၂၀၁၈ ကမ္ဘာ့ဖလား ကွာတားဖိုင် နယ်ပွဲစဉ် ဘရာဇီးလ်(၁-၂)ဘယ်လ် ဂျီယံပွဲတွင် ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ သော ဘရာဇီးလ်ကွင်းလယ်လူ ဖာနန် ဒင်ဟိုအား လူမျိုးရေးခွဲခြားတိုက်ခိုက် နေသည့် ဘရာဇီးလ်ပရိသတ်များကို ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF) က ကြေညာချက်ထုတ်ပြန်ကာ ရှုတ် ချခဲ့သည်။

ယင်းပွဲ၏ ပွဲချိန်(၁၃)မိနစ်တွင် ဖာနန်ဒင်ဟိုသည် ထောင့်ကန်ဘော မှလာသောဘောလုံးကိုကာကွယ်ရာ မှ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ပြီး ဘယ်လ် ဂျီယံအသင်းကို ဦးဆောင်ဂိုးပေးခဲ့ရ သည်။

ယင်းပွဲတွင် ဘရာဇီးလ်အသင်း ရှုံးနိမ့်ခဲ့ပြီးနောက် ဒေါသထွက်နေ သော ဘရာဇီးလ်ပရိသတ်အချို့သည် ဖာနန်ဒင်ဟိုနှင့် သူ၏မိသားစုအား လူ မျိုးရေးခွဲခြားလှောင်ပြောင်မှုများပြု လုပ်ရုံမက ၎င်းအား အသက်အန္တ ရာယ်ခြိမ်းခြောက်မှုများပင် ပြုလုပ်ခဲ့ ကြသည်။

ဖာနန်ဒင်ဟိုသာမက သူ၏ ဇနီးဖြစ်သူ ရိုဆာဂလူဆီယာသုံးစွဲနေ သော Instagram စာမျက်နှာများ တွင်လည်း အသက်အန္တရာယ်ခြိမ်း ခြောက်သည့်စာများကို ရေးသားပေး ပို့ခဲ့ကြရာ ပရိသတ်များ၏ ယင်းလုပ် ရပ်များကို ရှုတ်ချကြောင်း CBF က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

CBF ၏ကြေညာချက်၌ ''ဖာနန်ဒင်ဟိုနှင့် သူ၏မိသားစုအပေါ် လူမျိုး ရေးခွဲခြားတိုက်ခိုက်မှုများအား CBF အနေဖြင့် လက်မခံကြောင်း၊ ဘောလုံး တွင် အသားအရောင်၊ လူ့အဆင့်အ တန်းခွဲခြားခြင်းမရှိကြောင်း၊ မိမိတို့အ နေဖြင့် ဖာနန်ဒင်ဟိုဘက်မှ အပြည့် အဝရပ်တည်နေကြောင်းနှင့် လူမျိုး ရေးခွဲခြားသူများကို ရှုတ်ချကြောင်း'' ဖော်ပြပါရှိသည်။

ဖာနန်ဒင်ဟိုသည် ပြီးခဲ့သည့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဂျာမနီအသင်း ကို ဘရာဇီးလ်အသင်း (၁-၇)ဂိုးဖြင့် ရှုံးနိမ့်ခဲ့စဉ်ကလည်း သူ၏ခြေစွမ်းကျ ဆင်းမှုကြောင့် ဘရာဇီးလ်ပရိသတ်များ ၏ ပြစ်တင်ဝေဖန်မှုကို ခံခဲ့ရသည်။

Most Read

Most Recent