ခရိုအေးရှားနှင့်ပွဲတွင် အင်္ဂလန် အဖြူရောင်ဝတ်စုံ ဝတ်ဆင်မည်

ခရိုအေးရှားနှင့်ပွဲတွင် အင်္ဂလန် အဖြူရောင်ဝတ်စုံ ဝတ်ဆင်မည်
Published 9 July 2018

အင်္ဂလန်အသင်းသည် ဇူလိုင်လ(၁၁)ရက်နေ့တွင် ခရိုအေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ကစားမည်ဖြစ်ကြောင်း သိရသည်။

အင်္ဂလန်အနေဖြင့် ယင်းပွဲတွင် ပထမဦးစားပေးဖြစ်သည့် အင်္ကျ ီအဖြူ၊ ဘောင်းဘီ အဖြူဝတ်ဆင်မည်ဖြစ်ပြီး ပနားမား၊ ဘယ်လ်ဂျီယံနှင့်ပွဲများတွင် အဖြူရောင်အင်္ကျ ီဝတ်ဆင်ခဲ့သော်လည်း ဘောင်းဘီကိုမူ အပြာရောင် ဝတ်ဆင်ကစားခဲ့သည်။

အင်္ဂလန်အသင်း၏ဝတ်စုံတာဝန်ခံ ပတ်ဖရော့က Twitter တွင် ယင်းသတင်းကို အတည်ပြုခဲ့ပြီး ဂိုးသမား ပစ်ဖို့ဒ်မှာမူ အဝါရောင်အင်္ကျ ီကို ဝတ်ဆင်ကစားမည်ဟုလည်း ပြောကြားခဲ့သည်။

အင်္ဂလန်အသင်းသည် တူနီးရှား၊ ကိုလံဘီယာ၊ ဆွီဒင်နှင့်ပွဲများတွင် အနီရောင်ဝတ်စုံကို ဝတ်ဆင်ခဲ့ခြင်းဖြစ်သည်။

ယင်းဆီမီးဖိုင်နယ်တွင် ခရိုအေးရှားအသင်းမှာ ဦးစားပေးအသင်းဖြစ်သော်လည်း အသင်း၏ပထမအင်္ကျ ီ အနီ၊ အဖြူကွက်မှာ အင်္ဂလန်အသင်း၏ ဝတ်စုံ(၂)မျိုးစလုံးတွင်ပါဝင်နေသောကြောင့် ဒုတိယအင်္ကျ ီဖြစ်သည့် နက်ပြာရောင်အရင့်ကိုသာ ဝတ်ဆင်ရမည်ဖြစ်ကြောင်း သိရသည်။

ခရိုအေးရှားအသင်းသည် နိုင်ဂျီးရီးယားနှင့်ကစားခဲ့သည့် အုပ်စုအဖွင့်ပွဲစဉ်မှအပ ကျန်(၄)ပွဲဆက်တိုက် ယင်းဒုတိယအင်္ကျ ီဖြင့်သာ ကစားခဲ့ရသည်။

 

Most Read

Most Recent