ဘရာဇီးလ်နှင့်ပွဲမှ ဘယ်လ်ဂျီယံပွဲထွက်(၁၁)ဦးတန်ဖိုးမှာ ယူရို(၅၄၇)သန်းရှိ

ဘရာဇီးလ်နှင့်ပွဲမှ ဘယ်လ်ဂျီယံပွဲထွက်(၁၁)ဦးတန်ဖိုးမှာ ယူရို(၅၄၇)သန်းရှိ
Published 9 July 2018

 

Photo: AFP

ဘရာဇီးလ်အသင်းအား (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ဘယ်လ်ဂျီယံအသင်း ပွဲထွက်ကစားသမား(၁၁)ဦး၏ တန်ဖိုးမှာ ယူရို(၅၄၇)သန်းအထိ ရှိကြောင်း စပိန်သတင်းစာ Marca က ဖော်ပြခဲ့သည်။

ဘရာဇီးလ်အသင်းနှင့်ပွဲတွင် အနိုင်ရခဲ့သည့် ဘယ်လ်ဂျီယံအသင်းတွင် ဟာဇက်၊ ဒီဘရိုင်းနား၊ ကော်တိုအာတို့ကဲ့သို့ နာမည်ကြီး ကစားသမားများ ပါဝင်ခဲ့ပြီး ပွဲထွက်(၁၁)ဦး၏ ဈေးကွက်ပေါက်ဈေးမှာ ယူရို(၅၄၇)သန်းအ ထိရှိခဲ့ခြင်းဖြစ်သည်။

ဘယ်လ်ဂျီယံအသင်းတွင် ဈေးကွက်ပေါက်ဈေးအမြင့်ဆုံးကစားသမားမှာ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းနား (ယူရိုသန်း ၁၅၀)ဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းမှ ခေါ်ယူရန် စိတ်ဝင်စားနေသည့် ဟာဇက်၏ ပေါက်ဈေးမှာ ယူရိုသန်း (၁၀၀)သာ ရှိကြောင်း သိရသည်။

တိုက်စစ်မှူး လူကာကူ (ယူရိုသန်း ၉၀)နှင့် ဂိုးသမား ကော်တိုအာ (ယူရိုသန်း ၆၀)တို့မှာ တန်ကြေးအများဆုံး (၄)ဦး စာရင်းဝင်ခဲ့ပြီး မန်စီးတီးအသင်းခေါင်းဆောင် ကွန်ပနီမှာ ယူရို (၁၀) သန်းဖြင့် ဘယ်လ်ဂျီယံအသင်း၏ ပွဲထွက် (၁၁)ဦးစာရင်းတွင် တန်ကြေးအနည်းဆုံးဖြစ်ခဲ့သည်။

ဘရာဇီးလ်နှင့်ပွဲမှ ဘယ်လ်ဂျီယံပွဲထွက်(၁၁)ဦးတန်ဖိုး

ကော်တိုအာ            ယူရိုသန်း ၆၀
အယ်လ်ဒါဗီရယ်လ် ယူရိုသန်း ၄၀
ကွန်ပနီ                    ယူရို ၁၀သန်း
ဗာတွန်ဂန်              ယူရို ၃၂ သန်း
မြူနီယာ                 ယူရို ၁၅ သန်း
ချတ်ဒ်လီ               ယူရို ၁၀ သန်း
ဗစ်ဆဲလ်              ယူရို ၁၈ သန်း
ဖယ်လေနီ            ယူရို ၁၂ သန်း
ဟာဇက်              ယူရိုသန်း ၁၀၀
ဒီဘရိုင်းနား          ယူရိုသန်း ၁၅၀
လူကာကူ              ယူရိုသန်း ၉၀

Most Read

Most Recent