ကိုလံဘီယာ-အင်္ဂလန်ပွဲအား ပြန်ကစားခွင့်ပြုရန် အွန်လိုင်းမှတောင်းဆိုမှု သုံးသိန်းနီးပါးရှိ

ကိုလံဘီယာ-အင်္ဂလန်ပွဲအား ပြန်ကစားခွင့်ပြုရန် အွန်လိုင်းမှတောင်းဆိုမှု သုံးသိန်းနီးပါးရှိ
Published 7 July 2018

ကိုလံဘီယာအသင်းကို ကြိုဆိုနေသည့်မြင်ကွင်းများ (Photos:AFP)

ကိုလံဘီယာအသင်း ပရိသတ်များသည် အငြင်းပွားမှုများရှိခဲ့သည့် ကိုလံဘီယာ-အင်္ဂ လန် ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်အား ပြန် လည်ကစားခွင့်ပြုရန် အွန်လိုင်းမှတစ်ဆင့် တောင်းဆိုမှုပြုလုပ်လျက်ရှိပြီး ဇူလိုင် ၆ ရက် နံနက်ပိုင်းအထိ သုံးသိန်းနီးပါးရှိနေပြီဖြစ် ကြောင်း သိရသည်။

ကိုလံဘီယာပရိသတ်များသည် ယင်းပွဲ တွင် တာဝန်ယူခဲ့သည့် အမေရိကန်ဒိုင်လူကြီး မာ့ခ်ဂိုင်ဂါ၏ ဆုံးဖြတ်ချက်အချို့ကို မကျေနပ် သဖြင့် တရားမျှတမှုအတွက် ပြန်လည်ကစား ခွင့်ပြုရန် တောင်းဆိုနေခြင်းဖြစ်သည်။

ဇူလိုင် ၆ ရက် နံနက်ပိုင်းအထိစာရင်းများအရ ယင်းပွဲ အား ပြန်လည်ကစားခွင့်ပြုရန် တောင်းဆိုသူ ၂၇၈ç၀၀၀ အထိရှိကြောင်း သိရသည်။

ပရိ သတ်များအနေဖြင့် ယင်းကဲ့သို့ အွန်လိုင်းမှ တောင်းဆိုမှု မကြာခဏပြုလုပ်လျက်ရှိသော် လည်း သက်ဆိုင်ရာအဖွဲ့အစည်းများက အသိ အမှတ်ပြု တုံ့ပြန်ခြင်းမရှိကြောင်း သိရသည်။

ယင်းပွဲတွင် ဒိုင်လူကြီး၏ဆုံးဖြတ်ချက်များ အား အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာက လည်း ပြင်းထန်စွာဝေဖန်ပြီး ရလဒ်အား လုယူ ခံရခြင်းဖြစ်ကြောင်း ပြောကြားသည်။

FIFA သည် မာရာဒိုနာ၏ ဝေဖန်မှုနှင့်ပတ်သက်၍ တုံ့ပြန်ကြေညာချက်ထုတ်ပြန်ရာ ၎င်းက ပြန် လည်တောင်းပန်ခဲ့ကြောင်း သိရသည်။

ကိုလံ ဘီယာအသင်းသည် ဇူလိုင် ၅ ရက်တွင် ဘိုဂို တာမြို့သို့ ပြန်လည်ရောက်ရှိလာရာ ပရိသတ် များက သူရဲကောင်းများကဲ့သို့ ကြိုဆိုနှုတ် ဆက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent