အင်္ဂလန်အသင်း ဆီမီးတက်ခွင့်ရပါက လန်ဒန်မြို့၌ ကြီးမားသည့်ဖန်သားပြင်ဖြင့် စုပေါင်းကြည့်ရှုခွင့်ရရန် မြို့တော်ဝန် ဆာဒစ်ခန်း ကြိုးပမ်း

အင်္ဂလန်အသင်း ဆီမီးတက်ခွင့်ရပါက လန်ဒန်မြို့၌ ကြီးမားသည့်ဖန်သားပြင်ဖြင့် စုပေါင်းကြည့်ရှုခွင့်ရရန် မြို့တော်ဝန် ဆာဒစ်ခန်း ကြိုးပမ်း
Published 7 July 2018

အင်္ဂလန်ကစားသမားများအား လေ့ကျင့်ရေးကွင်းတွင် တွေ့ရစဉ် (Photo : AFP)

လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အင်္ဂလန်အသင်း ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲသို့ ဆက်လက်တက် ရောက်ခွင့်ရပါက ကြီးမားသည့်ဖန်သားပြင်ဖြင့် ပရိသတ်များ စုပေါင်းကြည့်ရှုခွင့်ရရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

အင်္ဂလန်အသင်းသည် ၂၀၀၆ ခုနှစ် ပြိုင်ပွဲနောက်ပိုင်း ကွာတားဖိုင်နယ်သို့ ပထမဆုံးအကြိမ် ပြန်လည်တက်ရောက်ခွင့်ရထားပြီး ဇူလိုင် ၇ ရက်တွင် ဆွီဒင်အသင်း နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အကယ်၍ အင်္ဂလန်အသင်း အနိုင်ရပြီး နောက်တစ်ဆင့် ထပ်မံတက်ရောက်ခွင့်ရပါက လန်ဒန်မြို့၌ ပရိသတ်များ အတူစုပေါင်းကြည့်ရှုခွင့်ရရန် မြို့တော်ဝန် ဆာဒစ်ခန်းက ကြိုးပမ်းနေခြင်းဖြစ်သည်။

သို့သော် လုံခြုံရေးအခြေအနေအရ ယင်းကဲ့သို့ပြသခွင့်ရရန် အစိုးရ၏ခွင့်ပြုချက်ရရန် လိုအပ်သဖြင့် ဆွေးနွေးမှုပြုလုပ်လျက်ရှိကြောင်း ဆာဒစ်ခန်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ကြီးမားသည့် ဖန်သားပြင်ဖြင့်ပြသရန် ခွင့်ပြုချက်ရပါက Trafalgar ရင်ပြင်နှင့် Hyde Park နေရာများတွင် ပြသနိုင်ဖွယ်ရှိကြောင်း Daily Mail သတင်းဌာနက ခန့်မှန်းဖော်ပြထားသည်။

အင်္ဂလန်အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲအား အိမ်ရှင်အဖြစ်ကျင်းပသည့် ၁၉၆၆ ခုနှစ် တစ်ကြိမ်သာ ချန်ပီယံဆုရရှိဖူးပြီး ယင်းနောက်ပိုင်းတွင် အမြင့်ဆုံးအဖြစ် ၁၉၉၀ ပြည့်နှစ်ပြိုင်ပွဲ၌ စတုတ္ထနေရာသာ ရပ်တည်နိုင်ခဲ့သည်။

Most Read

Most Recent