ယနေ့ည နှင့် စနေနေ့နံနက်အစောပိုင်းတွင်ယှဉ်ပြိုင်ကစားမည့် ၂၀၁၈ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ည နှင့် စနေနေ့နံနက်အစောပိုင်းတွင်ယှဉ်ပြိုင်ကစားမည့် ၂၀၁၈ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 6 July 2018

 

Photo AFP

ဥရုဂွေး Vs ပြင်သစ်
သောကြာည (၈း၃၀)

ဒီပွဲမှာ ကာဗာနီပါဖို့က (၅၀-၅၀)အနေအထားပဲရှိတယ်။ ကာဗာနီ မကစားနိုင်ရင် စတူအာနီ၊ မက်ဆီဂိုးမက်ဇ်တို့ တစ်ဦး ဦးနဲ့ တိုက်ရိုက်အစားထိုးပြီး

ဆွာရက်ဇ်နဲ့တွဲပေးတာမျိုး ဥရုဂွေးနည်းပြ တာဘာရက်ဇ်အနေနဲ့ မလုပ်လောက်ဘူးထင်တယ်။ ဖြစ်နိုင်ခြေရှိတာက ဆွာရက်ဇ်ကို အထောင်တိုက်စစ်မှာထားပြီး (၄-၄

-၁-၁) ကစားပေါက်မျိုးကို ထုတ်သုံးလာနိုင်တယ်။ ပြင်သစ် အသင်းအနေနဲ့ အာဂျင်တီးနားနဲ့ပွဲက အခွင့်အရေးတွေလိုမျိုး အခုပွဲမှာ မျှော်လင့်လို့ရမှာ မဟုတ်ပါဘူး။

ဥရုဂွေးခံစစ်က တည်ငြိမ်တယ်။ အားနည်းချက်ကလည်း အတော်လေးရှာယူရမယ့် အနေအထားရှိတယ်။ ပြင်သစ်အသင်းရဲ့ တစ်ဦးချင်းပေါက်ကွဲ အားတွေက

အာဂျင်တီးနားနဲ့ပွဲတုန်းကလို ဒီပွဲမှာ အလုပ်ဖြစ်နိုင်ဖို့ခက်မယ်။ နည်းပြ ဒေးရွှမ့်က အာဂျင်တီးနားနဲ့ပွဲ လူစာရင်းအတိုင်းပဲ ပွဲထွက်လာဖို့ရှိပြီး ပွဲပယ်ခံထားရတဲ့

မာတွီဒီနေရာမှာတော့ လူမာထက် တိုလစ်ဆိုကို အသုံးပြုဖို့ ရာခိုင်နှုန်း ပိုများတယ်။ ကာဗာနီ မပါရင်တောင် ဥရုဂွေးအသင်း မိနစ်(၉၀)အတွင်း

သရေထိန်းကစားနိုင်စွမ်းရှိတယ်။

Photo. AFP

Photo . AFP

ဘရာဇီးလ် Vs ဘယ်လ်ဂျီယံ
စနေနေ့နံနက် (၀၀း၃၀)

ဘရာဇီးလ်က ချန်ပီယံဆုအတွက် အသင့်ဖြစ်နေလောက်တဲ့ခြေစွမ်းကို မက္ကဆီကိုနဲ့ပွဲမှာ ပြသနိုင်ခဲ့တယ်။ အခုတွေ့ဆုံမယ့် ပြိုင်ဘက် ဘယ်လ်ဂျီယံက

ဘရာဇီးလ်အသင်း ကျော်ဖြတ်ခဲ့တဲ့ မက္ကဆီကိုထက် အဖက်ဖက်က အင်အားသာလွန်တဲ့အသင်းပါ။ ဘယ်လ်ဂျီယံကတော့ ဂျပန်အသင်းကို အနိုင်ရဖို့

အသည်းအသန်ကစားလိုက်ရတယ်။ ကွန်ပနီပါလာတဲ့ ခံစစ်ပိုင်းကလည်း အားရစရာမရှိဘူး။ Peak Formမှာမရှိတဲ့ ကွန်ပနီကို သုံးတာထက်

အုပ်စုပွဲတွေမှာကစားခဲ့တဲ့ ဘိုယာတာကို ကစားခိုင်းတာက ဘယ်လ်ဂျီယံအသင်းအတွက် ပိုအဆင်ပြေနိုင်တယ်။ ဂျပန်နဲ့ပွဲမှာ အရန်ခုံက ဖယ်လေနီ၊ ချတ်ဒ်လီတို့

အသင်းကို ကယ်တင်ခဲ့တာက အသင်းမှာ ပွဲအဖြေပြောင်းနိုင်တဲ့ ကစားသမားအများအပြားရှိနေတယ်ဆိုတာ ထပ်သက်သေပြခဲ့သလိုပါပဲ။ အသင်းကျဉ်းထဲကျပ်ထဲ

ရောက်နေတဲ့အချိန်မျိုးမှာလည်း အပြောင်းအလဲနည်းတဲ့ ထိထီရဲ့အသင်းထက် ဘယ်လ်ဂျီယံက ကြံရည်ဖန်ရည် ပိုရှိနိုင်တယ်။ ဘယ်လ်ဂျီယံကိုပဲ

အရဲစွန့်ရွေးချယ်ချင်တယ်။

Most Read

Most Recent