သတင်းတိုများ စုစည်းဖော်ပြမှု

သတင်းတိုများ စုစည်းဖော်ပြမှု
Published 4 July 2018

 

Photos: AFP,Instagram

■ ဘရာဇီးလ်အသင်းနည်းပြထိထီက ကမ္ဘာ့ဖလား ပွဲစဉ် (၄)ပွဲ ကစားပြီးချိန်အထိ ဂိုးမသွင်းနိုင်သဖြင့် ဝေဖန်ခံနေရသည့် တိုက်စစ်မှူးဂျေဆူးမှာ ပွဲထွက်ခွင့်နှင့် ထိုက်တန်သူဖြစ်သည်ဟု ပြောကြားခဲ့သည်။

■ ဆွစ်ဇာလန်အသင်းနည်းပြ ပက်ကိုဗစ်က ဆွီဒင်အသင်းအား (၁-ဝ)ဂိုးဖြင့် ရှုံးနိမ့်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့သည့်အတွက် လွန်စွာစိတ်ပျက်မိကြောင်း ပြောကြားခဲ့သည်။

■ အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာသည် အင်္ဂလန်အသင်းက ကိုလံဘီယာအသင်းအား ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ကိုလံဘီယာအသင်းကို အားပေးခဲ့ကြောင်း သိရသည်။

■ ဆွီဒင်အသင်းနည်းပြ အန်ဒါဆန်က ဆွစ်ဇာလန် နှင့်ပွဲတွင် ၎င်း၏နာမည်ကို အော်ဟစ်အားပေးခဲ့ကြသော်လည်း ယခုအောင်မြင်မှုမှာ တစ်သင်းလုံး၏ ကြိုးစားမှုကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

■ ဘယ်လ်ဂျီယံအသင်းနောက်ခံလူ မူနီယာက ဘရာဇီးလ်တိုက်စစ်မှူး နေမာအား မည်ကဲ့သို့ ထိန်းချုပ်ကစားရမည်ကို မသိရှိကြောင်း ပြောကြားခဲ့သည်ဟု သိရှိရသည်။

■ မက္ကဆီကိုအသင်း၏ ဝါရင့်နောက်ခံလူ မားကွက်ဇ်သည် လက်ရွေးစင်အသင်းမှ အနားယူသွားပြီ ဖြစ်ကြောင်း သိရှိရသည်။ မားကွက်ဇ်(၃၉ နှစ်)သည် ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ခဲ့ခြင်းကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို (၅)ကြိမ်ကစားသည့် (၄)ဦးမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သူဖြစ်သည်။

Most Read

Most Recent