သတင်းတိုများစုစည်းဖော်ပြမှု

သတင်းတိုများစုစည်းဖော်ပြမှု
Published 4 July 2018

 

 

 

Photos: AFP

■ ဘယ်လ်ဂျီယံအသင်းနည်းပြ ရောဘတ်တိုမာတီနက်ဇ်က ကွာတားဖိုင်နယ်တွင်ရင်ဆိုင် ကစားရမည့် ဘရာဇီးလ်အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ၏အကောင်းဆုံးအသင်းဟု ၎င်းတို့ နားလည်ထားကြောင်း မှတ်ချက်ပြုခဲ့သည်။

■ မကြာသေးမီကမှ နယူးကာဆယ်အသင်းသို့ ပြောင်းရွှေ့လာခဲ့သည့် တောင်ကိုရီးယား အသင်းခေါင်းဆောင် ကီဆောင်ယွန်းက ၂၀၁၉ အာရှဖလားပြိုင်ပွဲအပြီးတွင် လက်ရွေးစင် ကစားသမားဘဝမှ အနားယူဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

■ ဘယ်လ်ဂျီယံလက်ရွေးစင်ဂိုးသမား ကော်တိုအာသည် ချယ်လ်ဆီးအသင်းမှ ထွက်ခွာပြီး ရီးယဲလ်သို့ပြောင်းရွှေ့ဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားခဲ့သည်။

■ နိုင်ဂျီးရီးယားအသင်းခေါင်းဆောင် မီခေးလ်၏ဖခင်ကို ပြန်ပေးဆွဲသူများလက်ထဲမှ ဒေသခံရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

■ ဂျီနိုအာအသင်းသည် ဂျူဗင်တပ်စ်သို့ပြောင်းရွှေ့သွားသည့် ဂိုးသမား ပါရင်၏နေရာတွင် လာဇီယိုအသင်းမှ မာချက်တီကို ခေါ်ယူပြီး အစားထိုးခဲ့သည်။

■ ဝက်ဖို့ဒ်အသင်းသည် ဘိုလော့ဂ်နာအသင်းမှ ဘယ်နောက်ခံလူ မက်ဆီနာကို ပြောင်းရွှေ့ ကြေး ယူရိုငါးသန်းဖြင့် ခေါ်ယူခဲ့သည်။

■ နာပိုလီကွင်းလယ်လူ ယော်ဂင်ဟိုသည် ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းသို့ ယူရို ၅၅ သန်းဖြင့်ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း အီတလီသတင်းများက ဖော်ပြခဲ့သည်။

 

Most Read

Most Recent