အာဂျင်တီးနားနည်းပြရာထူးမှ ဆမ်ပါအိုလီ ထုတ်ပယ်ခံရဖွယ်ရှိနေ

အာဂျင်တီးနားနည်းပြရာထူးမှ ဆမ်ပါအိုလီ ထုတ်ပယ်ခံရဖွယ်ရှိနေ
Published 4 July 2018

 

Photo: AFP

ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက် (၁၆) သင်းအဆင့်မှထွက်ခဲ့ရသည့် အာဂျင်တီးနားအသင်း နည်းပြ ဆမ်ပါအိုလီသည် ရာထူးမှထုတ်ပယ်ခံရရန် နီးစပ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်(AFA)သည် ဆမ်ပါအိုလီကို ကိုယ်တိုင်ရာထူးမှ နုတ်ထွက်စေလိုသော်လည်း ၎င်းကမူ ယင်းသို့ပြုလုပ်ရန် ဆန္ဒမရှိကြောင်း သိရသည်။

ဆမ်ပါအိုလီ၏စာချုပ်သက်တမ်းမှာ လေးနှစ်ကျန်ရှိနေသောကြောင့် AFA အနေဖြင့် ရာထူးမှထုတ်ပယ်လျှင် ယူရို (၁၃) သန်း ပေးချေရဖွယ်ရှိနေသည်။

ဆမ်ပါအိုလီအနေဖြင့် နည်းပြရာထူးတွင် ဆက်ရှိသင့်၊ မသင့် ဆန္ဒကောက်ခံမှုတစ်ခုတွင် အာဂျင်တီးနားပရိသတ် တစ်သိန်းဝန်းကျင်က မဲပေးခဲ့ကြပြီး မဲပေးသူအားလုံး၏ (၈၂) ရာခိုင်နှုန်းခန့်က ၎င်းကို ရာထူးမှနုတ်ထွက်စေရန် ဆန္ဒရှိနေကြောင်း သိရသည်။

Most Read

Most Recent