စံချိန်တင်ဂိုးရလဒ်နဲ့ အနိုင်ရခဲ့တဲ့ အင်္ဂလန်အသင်း ဘယ်လ်ဂျီယံနဲ့အတူ နောက်တစ်ဆင့်တက်ရောက်

စံချိန်တင်ဂိုးရလဒ်နဲ့ အနိုင်ရခဲ့တဲ့ အင်္ဂလန်အသင်း ဘယ်လ်ဂျီယံနဲ့အတူ နောက်တစ်ဆင့်တက်ရောက်
Published 25 June 2018

Photos:AFP

ဇွန်လ(၂၄)ရက်နေ့က ကစားခဲ့တဲ့ အုပ်စု(G)ပွဲစဉ်မှာတော့ အင်္ဂလန်အသင်းက ပနားမားကို (၆-၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူကာ ဘယ်လ်ဂျီယံနဲ့အတူ နောက်တစ်ဆင့်တက်ရောက်သွားခဲ့ပါတယ်။

ဒီပွဲရလဒ်ဟာ အင်္ဂလန်အသင်းရဲ့ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် စံချိန်တင်ဂိုးအပြတ်ဆုံးနိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။

ပနားမားအသင်းဟာ ဘယ်လ်ဂျီယံနဲ့ပွဲမှာ ပထမပိုင်းတစ်ပိုင်းလုံး တောင့်ခံကစားနိုင်ခဲ့ပေမယ့် အခုပွဲမှာတော့ ပွဲအစ(၈)မိနစ်ကတည်းက ဂိုးစတင်ပေးခဲ့ရပြီး နောက်မှာ ပယ်နယ်တီ(၂)ကြိမ်လည်း ပေးခဲ့ရလို့ ပထမပိုင်းမှာကတည်းက (၅)ဂိုးပြတ် အရေးနိမ့်ခဲ့တာပါ။

အင်္ဂလန်အသင်းအတွက် ဂိုးတွေကို ဟာရီကိန်းက (၂၂)မိနစ်၊ (၄၅)မိနစ်တွေမှာ ပယ်နယ်တီနဲ့ (၆၂)မိနစ်တွေမှာ ဟက်ထရစ်သွင်းခဲ့ပြီး တခြားဂိုးတွေကိုတော့ စတုန်းစ်က (၈)မိနစ်နဲ့ (၄၀)မိနစ်၊ လင်ဂတ်က (၃၆)မိနစ်တွေမှာ သွင်းယူခဲ့ပါတယ်။

အခုပြိုင်ပွဲမှာ ဂိုးပေါက်တည့်ကန်ချက် (၅)ကြိမ်စလုံး ဂိုးရရှိခဲ့တဲ့ ဟာရီကိန်းဟာ ဂျော့ဖ်ဟတ်စ်(၁၉၆၆)၊ ဂယ်ရီလိုင်နီကာ(၁၉၉၀)တို့နောက် ကမ္ဘာ့ဖလားမှာ ဟက်ထရစ်သွင်းတဲ့ တတိယမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။

ဘယ်လ်ဂျီယံနဲ့ အင်္ဂလန်အသင်းတို့ဟာ ရဂိုး၊ ပေးဂိုး၊ ရမှတ်တူညီသွားလို့ အုပ်စုပထမနေရာလုမယ့် အဆုံးအဖြတ်ပွဲမှာ သရေဆက်ကျရင်တော့ Fair Play Standing ရမှတ်နဲ့ဆုံးဖြတ်မှာဖြစ်ပြီး အဲဒီမှာအမှတ်ထပ်တူရင်တော့ အုပ်စုဗိုလ်နေရာအတွက် မဲနှိုက်ဆုံးဖြတ်မှာဖြစ်ပါတယ်။

ပနားမားအသင်းရဲ့ သိကွာဆယ် ပထမဆုံးကမ္ဘာ့ဖလားဂိုးကို (၇၈)မိနစ်မှာ နောက်ခံလူ ဘယ်လိုက သွင်းယူခဲ့ပါတယ်။

 

 

 

 

Most Read

Most Recent