ဆမ်ပါအိုလီအား ကစားသမားများကထုတ်ပယ်စေလိုသည့်သတင်းအာဂျင်တီးနားအသင်း ငြင်းဆန်

ဆမ်ပါအိုလီအား ကစားသမားများကထုတ်ပယ်စေလိုသည့်သတင်းအာဂျင်တီးနားအသင်း ငြင်းဆန်
Published 24 June 2018

 

Photo: AFP

အာဂျင်တီးနားအသင်းနည်းပြ ဆမ်ပါအိုလီအား အုပ်စုနောက်ဆုံးပွဲမတိုင်မီ ထုတ်ပယ်ပစ်ရန် ကစားသမားများက ဆန္ဒရှိနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသော်လည်း တာဝန်ရှိသူတစ်ဦးက ငြင်းဆန်ပြောကြားခဲ့သည်။

အာဂျင်တီးနားအသင်းသည် အုပ်စုအဖွင့်ပွဲတွင် အိုက်စလန်အသင်းနှင့် တစ်ဂိုးစီ သရေကျခဲ့သလို ဒုတိယပွဲတွင်လည်း ခရိုအေးရှား အသင်းအား သုံးဂိုးပြတ် ရှုံးနိမ့်ခဲ့သောကြောင့် ရှုံးထွက်အဆင့်တက်ရန် ရုန်းကန်ရတော့မည် ဖြစ်သည်။

အာဂျင်တီးနားအသင်းအနေဖြင့် ၁၉၅၈ ခုနှစ်ပြိုင်ပွဲနောက်ပိုင်း နှစ် (၆၀) အကြာတွင် အုပ်စုတွင်း အဆိုးရွားဆုံးရှုံးပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ရာ နည်းပြအဖွဲ့နှင့် ကစားသမား များအကြား မကျေလည်မှုများရှိနေကြောင်း အာဂျင်တီးနားဒေသခံနှင့် နိုင်ငံတကာမီဒီယာများက ကျယ်ပြန့်စွာ ဖော်ပြလျက်ရှိသည်။

ထို့ပြင် ဆမ်ပါအိုလီအား ထုတ်ပယ်၍ နည်းစနစ်ဒါရိုက်တာအဖြစ် တာဝန်ယူနေသည့် ၁၉၈၆ ကမ္ဘာ့ဖလားချန်ပီယံ ကစားသမားဟောင်း ဘာရူချာဂါက နိုင်ဂျီးရီးယားနှင့်ပွဲတွင် အစားထိုးတာဝန်ယူမည်ဖြစ်ကြောင်း ခန့်မှန်းသတင်းများထွက်ပေါ်နေသည်။ သို့ ဖြစ်ရာ အာဂျင်တီးနားအသင်း၏ တာဝန်ရှိသူတစ်ဦးက "အဲဒီသတင်းတွေက လုံးဝမမှန်ပါ ဘူး။ သတင်းတွေဖော်ပြနေသလိုမျိုး ကစားသမားတွေပါဝင်တဲ့ ဆွေးနွေးပွဲအပြင် ဘယ် နေရာမှ ပြဿနာမရှိပါဘူး။ သတင်းအားလုံးက အမှားတွေချည်းပါပဲ" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent