ဘောလုံးနှင့်နိုင်ငံရေး မရောယှက်ရန် ဆွစ်ဇာလန်အသင်းနည်းပြပက်ကိုဗစ် သတိပေး

ဘောလုံးနှင့်နိုင်ငံရေး မရောယှက်ရန် ဆွစ်ဇာလန်အသင်းနည်းပြပက်ကိုဗစ် သတိပေး
Published 24 June 2018

 

Photo: Guardian

 

ဆွစ်ဇာလန်အသင်းနည်းပြ ပက်ကိုဗစ် က ဆားဘီးယားအသင်းအား အနိုင်ရသည့် ပွဲ၌ ဂိုးသွင်းယူခဲ့သူ ချာကာနှင့် ရှာကီရီအား ဘောလုံးနှင့်နိုင်ငံရေး မရောယှက်ရန် သတိပေးပြောကြားခဲ့သည်။

ဆွစ်ဇာလန်နှင့် ဆားဘီးယားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲစဉ်တွင် ဆွစ်ဇာလန်ကွင်း လယ်လူ ချာကာက လှပသည့် အဝေးကန်ချက်ဖြင့် ချေပဂိုး၊ မိနစ် (၉၀) တွင် တန်ပြန်တိုက်စစ်မှတစ်ဆင့် ရှာကီရီက အနိုင်ဂိုးသွင်းယူခဲ့ပြီး ဆွစ်ဇာလန်အသင်းက (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။

ချာကာနှင့် ရှာကီရီသည် ဂိုးသွင်းယူပြီးနောက် ကိုဆိုဗိုအလံတွင်ပါဝင်သည့် ငှက်ပုံစံအား လက်ဖြင့်ပြုလုပ်၍ အောင်ပွဲခံခဲ့ကြပြီး ၎င်းတို့၏ဖိနပ်တွင်လည်း ကိုဆိုဗို အလံတပ်ဆင်ထားကြောင်း သိရသည်။ (မှတ်ချက် - ကိုဆိုဗိုမှာ ဆားဘီးယားမှခွဲထွက်၍ သီးခြားနိုင်ငံ တည်ထောင်ထားခြင်းဖြစ်သည်) ၎င်းတို့၏ အောင်ပွဲခံသည့်ပုံစံနှင့်ပတ်သက်၍ နည်းပြပက်ကိုဗစ်က" ဘောလုံးနဲ့ နိုင်ငံရေး ဆိုတာ ဘယ်တော့မှမရောယှက်သင့်ပါဘူး။ အခြေအနေက စိတ်ခံစားမှုတွေရှိနေကြတယ်ဆိုတာ သေချာပါတယ်။ ကျွန်တော်တို့အနေနဲ့ ကွင်းထဲမှာရော ကွင်း ပြင်ပမှာပါ ဘောလုံးနဲ့ နိုင်ငံရေးကိုမရောယှက်ဘဲ အားကစားကိုပဲ အာရုံစိုက်ထားသင့်ပါတယ်" ဟု ပြောကြားခဲ့သည်။

အနိုင်ဂိုးသွင်းယူခဲ့သည့် ရှာကီရီကမူ" ဘောလုံးမှာ စိတ်ခံစားမှုဆိုတာ အမြဲရှိပါတယ်။ ကျွန်တော်ဘာလုပ်ခဲ့လဲဆိုတာ ခင်ဗျားတို့တွေ့ကြမှာပါ။ ဒါက စိတ်ခံစားမှုသက်သက်ပါပဲ" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent