ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 24 June 2018

 

Photos: AFP

■  အင်္ဂလန် နှင့် ပနားမား (၂၄-၆-၂၀၁၈ ညနေ ၆ း ၃၀)
ပနားမားက စိတ်ဝင်စားစရာမရှိပါဘူး။ တော်တော်လေး အားနည်းပြီး တိုက်စစ်လည်းမရှိဘူး။ အင်္ဂလန်က အဖွင့်ပွဲမှာ စတာလင်ခြေစွမ်းမပြနိုင်ခဲ့ဘူး။ ဒါပေမဲ့ စတာလင်၊ ရပ်ရှ်ဖို့ဒ်၊ အယ်လီတို့ပုံစံကောင်းပြနိုင်ရင် အင်္ဂလန်ပိုကောင်းလာဦးမှာပါ။ ဒီပွဲမှာလည်း အင်္ဂလန်အနိုင်ကစားပြီးနောက်တစ်ဆင့်တက်မယ်။

■  ဂျပန် နှင့် ဆီနီဂေါ (၂၄-၆-၂၀၁၈ ည ၉ း ၃၀)
ဂျပန်က ကိုလံဘီယာနဲ့ ပွဲမှာ တစ်ပွဲလုံးနီးပါး တစ်ယောက် အသာနဲ့ကစားရပေမယ့် အားနည်းချက်တွေရှိပါတယ်။ တစ်ဦးချင်းခြေစွမ်းအရမ်းမကောင်းဘူး။ ဒါ့အပြင် တိုက်စစ်အားနည်းတယ်လို့မြင်တယ်။ ဆီနီဂေါက ဒီအုပ်စုမှာ ဗိုလ်နေရာကိုမျှော်လင့် နေပါပြီ။ ဆီနီဂေါကိုကြိုက်တယ်။

■  ပိုလန် နှင့် ကိုလံဘီယာ (၂၅-၆-၂၀၁၈ နံနက် ၁၂ း ၃၀)
ပိုလန်ရဲ့ ကစားပုံက အရမ်းရိုးစင်းလွန်းတယ်။ ကစားသမား ကောင်းတွေရှိပေမယ့် သက်ကြီးကစားသမားတွေများပြီး လေးလံ တယ်။ ကိုလံဘီယာက ဂျပန်နဲ့ပွဲမှာ တစ်ယောက်အထုတ်ခံရပြီး ရှုံးပွဲတွေ့ခဲ့ပေမယ့် တစ်ဦးချင်းရော၊ အုပ်စုဖွဲ့ကစားပုံပါ ကောင်းပါတယ်။ ကိုလံဘီယာကိုကြိုက်တယ်။

Most Read

Most Recent