ဘရာဇီးလ်-ကော်စတာရီကာပွဲအပြီး ထူးထူးခြားခြား ကိန်းဂဏန်းများ

ဘရာဇီးလ်-ကော်စတာရီကာပွဲအပြီး ထူးထူးခြားခြား ကိန်းဂဏန်းများ
Published 23 June 2018

 

၅၆ - နေမာသည် ကော်စတာရီကာအား (၂-ဝ)ဂိုးဖြင့်အနိုင်ရသည့်ပွဲတွင် (၁)ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဘရာဇီးလ်အသင်းအတွက် နိုင်ငံတကာသွင်းဂိုး (၅၆)ဂိုးအထိရှိလာခဲ့ပြီဖြစ်သည်။ သို့ဖြစ်ရာ နေမာသည် ဘရာဇီးလ်အသင်းအတွက် ဒုတိယမြောက်ဂိုးအများဆုံးသွင်းယူထားသည့် ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်လ်ဒို၏(၆၂)ဂိုးစံချိန်ကို လိုက်မီရန် (၆)ဂိုးသာလိုအပ်တော့သည်။ဘရာဇီးလ်အတွက်ဂိုးအများဆုံးသွင်းယူထားသူမှာ ဂန္ထဝင်တိုက်စစ်မှူး ပီလီဖြစ်ပြီး (၇၇)ဂိုးသွင်းယူထားသည်။

၁၀ - ကော်စတာရီကာအသင်းအား (၂-ဝ)ဂိုးဖြင့်အနိုင်ရခဲ့ခြင်းမှာ ထိပ်တိုက်တွေ့ဆုံမှု (၁၁)ကြိမ်တွင် ဘရာဇီးလ်အနေဖြင့် (၁၀)ကြိမ်မြောက်အနိုင်ရခြင်းဖြစ်ပြီး ၁၉၆၀ ခုနှစ်၊ မတ်လက ယှဉ်ပြိုင်ကစားခဲ့သည့် ခြေစမ်းပွဲတွင်သာ ဘရာဇီးလ်တို့ ရှုံးနိမ့်ခဲ့ဖူးသည်။

၃ - ဘရာဇီးလ်ကွင်းလယ်လူ ကော်တင်ဟိုသည် ကော်စတာရီကာနှင့်ပွဲတွင် အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ရာ လက်ရွေးစင်အသင်းအတွက် နောက်ဆုံးကစားခဲ့သည့် (၃)ပွဲဆက်ဂိုးသွင်းယူနိုင်ခဲ့ခြင်းအဖြစ် မှတ်တမ်းoင်ခဲ့သည်။ ကော်တင်ဟိုသည် သြစတြီးယားအသင်းအား (၃-ဝ)ဂိုးဖြင့်အနိုင်ရသည့် ခြေစမ်းပွဲ၊ ဆွစ်ဇာလန်အသင်းနှင့် (၁-၁)ဂိုးသရေကျသည့် အုပ်စုအဖွင့်ပွဲစဉ်တို့တွင် ဘရာဇီးလ်အသင်းအတွက် ဂိုးသွင်းယူထားနိုင်ခဲ့ခြင်းဖြစ်သည်။

၁၄- ဘရာဇီးလ်အသင်းသည် ကော်စတာရီကာအား အနိုင်ရရှိပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုပွဲစဉ်များတွင်(၁၄)ပွဲဆက် ရှုံးပွဲမရှိအောင်ကစားနိုင်ခဲ့ခြင်းအဖြစ်မှတ်တမ်းဝင်ခဲ့သည်။ ယင်း (၁၄)ပွဲတွင် ဘရာဇီးလ်အသင်းသည် (၁၁)ပွဲနိုင်၊ (၃)ပွဲသရေ ကစားခဲ့သည်။

 

 

Most Read

Most Recent