ပနားမားနှင့်ပွဲ၌ စတာလင်ချန်လှပ်ခံရဖွယ်ရှိဟု သတင်းပေါက်ကြား

ပနားမားနှင့်ပွဲ၌ စတာလင်ချန်လှပ်ခံရဖွယ်ရှိဟု သတင်းပေါက်ကြား
Published 23 June 2018

အင်္ဂလန်အသင်းတိုက်စစ်ကစားသမား စတာလင်သည် ဇွန် ၂၄ ရက်တွင် ပနားမားအသင်းနှင့်ကစားရမည့် အုပ်စုဒုတိယပွဲ၌ ပွဲထွက်စာရင်းမှ ချန်လှပ်ခံရဖွယ်ရှိသည်ဟု သတင်းများပေါက်ကြားလျက်ရှိကြောင်း သိရသည်။

စတာလင်သည် တူနီးရှားအသင်းနှင့်ပွဲ၌ ဟာရီကိန်းနှင့်အတူ တိုက်စစ်တွင်တွဲဖက်ကစားရသော်လည်း အပိုင်အခွင့်အရေးများစွာ အသုံးချနိုင်ခြင်းမရှိဘဲ လွဲချော်ခဲ့သောကြောင့် ၆၈ မိနစ်တွင် ရပ်ရှ်ဖို့ဒ်နှင့်လူစားလဲခဲ့ရသည်။

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်သည် လေ့ကျင့်မှုအစီအစဉ်နှင့် နည်းစနစ်ပိုင်းအား ထောက်လှမ်းခြင်းမပြုနိုင်ရန် လေ့ကျင့်ရေးကွင်းတစ်လျှောက် သုံးမီတာ အမြင့်ရှိသည့်အကာအရံများ တပ်ဆင်ထားသော်လည်း လက်ထောက်နည်းပြစတိဗ်ဟော်လန်ကိုင်ထားသည့် စာရွက်ပေါ်မှ အချက်အလက်များကို ဓာတ်ပုံရိုက်ယူရာမှ သိရှိခဲ့ရ ခြင်းဖြစ်သည်။

ယင်းစာရွက်တွင် ပနားမားနှင့် ပွဲတွင် ပွဲထွက်အသုံးပြုဖွယ်ရှိသည်ဟုယူဆရသည့် ကစားသမားစာရင်းရေးသားထားပြီး တိုက်စစ်တွင် ဟာရီကိန်းနှင့် ရပ်ရှ်ဖို့ဒ်၊ ကွင်းလယ်တွင် ဒဏ်ရာရရှိနေသည့် အယ်လီနေရာ၌ လော့တပ်စ်ချိခ် ပွဲထွက်ခွင့်ရဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent