ဆော်ဒီကို အနိုင်ကစားပြီး ရုရှားနဲ့အတူ နောက်တစ်ဆင့်တက်ရောက်ခဲ့တဲ့ ဥရုဂွေး

ဆော်ဒီကို အနိုင်ကစားပြီး ရုရှားနဲ့အတူ နောက်တစ်ဆင့်တက်ရောက်ခဲ့တဲ့ ဥရုဂွေး
Published 21 June 2018

 

Photos:AFP

ဥရုဂွေးအသင်းက ဆော်ဒီအာရေဗျအသင်းကို (၁-ဝ)ဂိုးနဲ့အနိုင်ကစားပြီး အုပ်စု(A)မှာ အိမ်ရှင် ရုရှားအသင်းနဲ့အတူ နောက်တစ်ဆင့်တက်ရောက်သွားခဲ့ပါတယ်။

တစ်လုံးတည်းသောအနိုင်ဂိုးကို (၂၃)မိနစ်မှာ ဆွာရက်ဇ်က ထောင့်ကန်ဘောကနေ ပိတ်သွင်းယူခဲ့ပြီး သူ့ရဲ့နိုင်ငံတကာပွဲ(၁၀၀)ပြည့်မှာ ထူးထူးခြားခြားလည်းဖြစ်ခဲ့ပါတယ်။

ဥရုဂွေးအသင်းဟာ လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ အာရက်စကေတာ၊ နန်ဒက်ဇ်တို့ရဲ့နေရာတွေမှာ ဝါရင့်တွေဖြစ်တဲ့ ကားလို့စ်ဆန်းချက်ဇ်၊ ခရစ္စတီယန်ရိုဒရီဂွက်ဇ်တို့နဲ့ အပြောင်းအလဲလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ ဥရုဂွေးအသင်းကစားကွက်ကတော့ သိပ်ပြီးထူးခြားမလားခဲ့ပါဘူး။

ပြိုင်ဘက်က ဆော်ဒီအာရေဗျဖြစ်နေလို့သာ ဥရုဂွေးအသင်း ခံသာခဲ့ပြီး ဒီလိုပြိုင်ဘက်မျိုးကို စိတ်ကြိုက်အသာစီးက မကစားနိုင်ခဲ့တာ စိတ်ပျက်စရာပါပဲ။

အခုကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်(၁၉)ပွဲအပြီးမှာ One Goal Marginနဲ့အဖြေထွက်ခဲ့တဲ့ပွဲ (၁၅)ပွဲ၊ ရာခိုင်နှုန်းအနေနဲ့ (၇၉%)အထိရှိနေပြီး ကမ္ဘာ့ဖလားသမိုင်းမှာ အမြင့်မားဆုံးအချိုးဖြစ်နေပါတယ်။

Most Read

Most Recent