ဖီဖာဥက္ကဋ္ဌဟောင်း ဆပ်ဘလတ္တာရုရှားနိုင်ငံသို့ သွားရောက်

ဖီဖာဥက္ကဋ္ဌဟောင်း ဆပ်ဘလတ္တာရုရှားနိုင်ငံသို့ သွားရောက်
Published 20 June 2018

 

ဖီဖာဥက္ကဋ္ဌဟောင်း ဆပ်ဘလတ္တာသည် သမ္မတဗလာဒီမာပူတင်၏ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ ဇွန် (၁၉) ရက်က ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ယင်းသတင်းကို သူ၏ပြောရေးဆိုခွင့်ရှိသူက အတည်ပြုထုတ်ပြန်ခဲ့ပြီး ဘလတ္တာသည် ဇွန် (၂၀)ရက်တွင်ကစားမည့် ပေါ်တူဂီ- မော်ရိုကိုပွဲ၊ ဇွန် (၂၂) ရက်တွင်ကစားမည့် ဘရာဇီးလ်-ကော်စတာရီကာပွဲများကို တက်ရောက်ကြည့်ရှုကာ ရုရှားသမ္မတ ပူတင် နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

ဘလတ္တာ၏ရုရှားခရီးစဉ်အတွက် AFP သတင်းဌာန က FIFA သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း မှတ်ချက်ပေးရန်မရှိဟုသာ တုံ့ပြန်ခဲ့သည်။ အသက် (၈၂) နှစ်အရွယ်ရှိပြီဖြစ်သူ ဘလတ္တာသည် UEFA ဥက္ကဋ္ဌဟောင်း ပလာတီနီကို ဘောလုံးရေးရာကိစ္စများ ဆောင်ရွက်မှုအတွက် တရားမဝင် ဒေါ်လာ နှစ်သန်းပေးခဲ့မှုဖြင့် စွဲချက်တင်ခံရပြီး ၂၀၁၆၊ ဖေဖော်ဝါရီလတွင် ဘောလုံးလောကနှင့် ပတ်သက်ခွင့် ခြောက်နှစ် ပိတ်ပင်ခံခဲ့ရသည်။

Most Read

Most Recent