ဆော်ဒီအသင်း စီးနင်းလိုက်ပါလာသည့် လေယာဉ်၏အင်ဂျင်တစ်လုံး မီးလောင်မှုဖြစ်ပွား

ဆော်ဒီအသင်း စီးနင်းလိုက်ပါလာသည့် လေယာဉ်၏အင်ဂျင်တစ်လုံး မီးလောင်မှုဖြစ်ပွား
Published 20 June 2018

ဆော်ဒီအာရေဗျအသင်း အုပ်ချုပ်၊ နည်းပြအဖွဲ့ဝင်များနှင့် အသင်းသားများစီး နင်းလိုက်ပါလာသော လေယာဉ်သည် ပျံသန်း နေစဉ် အင်ဂျင်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ သည်ဟု ဆော်ဒီအာရေဗျဘောလုံးအဖွဲ့ချုပ်က ဇွန် ၁၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဆော်ဒီအာရေဗျအသင်းသည် ဇွန် ၂၀ ရက်တွင်ကစားမည့် ဥရုဂွေးအသင်းနှင့်ပွဲစဉ် အတွက် ရော့စတော့ဗ်အွန်ဒွန်မြို့သို့ သွား ရောက်စဉ် ယင်းမတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

''လေယာဉ်ရဲ့ ညာဘက်အင်ဂျင် တွေထဲက တစ်လုံးကနေ အသေးစားမီးလောင် မှုဖြစ်ပွားခဲ့တာပါ။ လေယာဉ်ကတော့ ဘေး အန္တရာယ်ကင်းရှင်းစွာနဲ့ မြေပြင်ပေါ် ဆိုက် ရောက်နိုင်ခဲ့ပါတယ်}} ဟု ဆော်ဒီဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ အာမက်အယ်လ်ဟာဘီ က ဆော်ဒီအားကစားရုပ်သံ KSAသို့ ပြော ကြားခဲ့သည်။

ဆော်ဒီဘောလုံးသမားတစ်ဦး ဖြစ်သူ ဟာတန်ဘယ်ဟီက အသင်းသားအားလုံး ဘေးအန္တရာယ်ကင်းစွာရောက်ရှိခဲ့ပြီး အခြေအနေကောင်းကြောင်းနှင့် ယင်းမှာ အသေးစားချို့ယွင်းမှုသာဖြစ်ကြောင်း ပြောကြား ထားသည့် ဗီဒီယိုဖိုင်ကို ဆော်ဒီဘောလုံးအဖွဲ့ ချုပ်၏ Twitter စာမျက်နှာတွင် တင်ရှိခဲ့သည်။

ဆော်ဒီအာရေဗျအသင်း အုပ်စုဒုတိယ ပွဲကစားရမည့် ရော့စတော့ဗ်အိုဒွန်မြို့မှာ အိမ်ရှင်ရုရှားအသင်းနှင့် အုပ်စုအဖွင့်ပွဲကစားခဲ့သည့် မော်စကိုမြို့၏တောင်ဘက်တွင်ရှိပြီး ၁၀၇၅ ဒသမ ၈ ကီလိုမီတာကွာဝေးကြောင်း သိရသည်။

Most Read

Most Recent