မန်ယူနှင့် ချယ်လ်ဆီးတို့၏ပစ်မှတ် ဂိုလိုဗင် အင်္ဂလိပ်စာလေ့လာနေဟု ဖခင်ဖြစ်သူ ဖွင့်ဟ

မန်ယူနှင့် ချယ်လ်ဆီးတို့၏ပစ်မှတ် ဂိုလိုဗင် အင်္ဂလိပ်စာလေ့လာနေဟု ဖခင်ဖြစ်သူ ဖွင့်ဟ
Published 20 June 2018

Photo:AFP

ပရီးမီးယားလိဂ်ထိပ်သီးကလပ်များဖြစ် သည့် မန်ယူနှင့် ချယ်လ်ဆီးအသင်းတို့က ယခုနွေ ရာသီတွင် ခေါ်ယူရန်ပစ်မှတ်ထားနေသော ရုရှား ကွင်းလယ်လူ ဂိုလိုဗင်သည် အင်္ဂလိပ်စာကိုလေ့လာနေကြောင်း ၎င်း၏ဖခင်က ဖွင့်ဟပြောကြား ခဲ့သည်။

၎င်းက ဂိုလိုဗင်မှာ လက်ရှိအချိန်တွင် ရုရှားအသင်းအတွက် အာရုံအပြည့်အဝစိုက်ထားသော်လည်း အနာဂတ်တွင် ပြည်ပသို့ ထွက်ခွာကစားပါက အင်္ဂလိပ်ဘာသာစကားကို လေ့လာထားသူဖြစ်၍ အခက်အခဲမရှိနိုင်ဟု ပြော ကြားခဲ့ခြင်းဖြစ်သည်။

ဂိုလိုဗင်၏ဖခင်က '' ဒီသတင်းတွေထွက် နေတာ သူသိတောင်မသိပါဘူး။ ကမ္ဘာ့ဖလားကာလအတွင်းမှာ သူသတင်းစာလည်း မဖတ်ဖြစ်ပါဘူး။ အခုအချိန်မှာ သူ့စိတ်ထဲမှာ တစ်ခုပဲရှိပါတယ်။ အဲဒါက ရုရှားအသင်းပါ။ ဒါပေမဲ့ ပြည်ပက ကမ်းလှမ်းမှုတွေရှိလာမယ်ဆိုရင်တော့ သူသွားရောက် ကစားမယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီအခါ မှာ ဘာသာစကားနဲ့ပတ်သက်တဲ့ အခက်အခဲတွေ ကြုံလာနိုင် တယ်။ ဒါပေမဲ့ သူကတော့ အဲဒီအတွက် ပြဿနာ မရှိနိုင်ပါဘူး။ သူဟာ အရင်ကတည်းက အင်္ဂလိပ်စာကိုလေ့လာနေတာ ကျွန်တော သိပါတယ်''ဟု ပြောကြားခဲ့သည်။

CSKA မော်စကိုအသင်းကွင်းလယ်လူ ဂိုလိုဗင်သည် ဆော်ဒီနှင့်ပွဲတွင် ရုရှားအတွက်(၁)ဂိုးသွင်းယူကာ (၂)ဂိုး ဖန်တီး ပေးခဲ့သူဖြစ်သည်။

မန်ယူနည်းပြ မော်ရင်ဟိုကလည်း ဆော်ဒီနှင့်ပွဲအပြီးတွင် ဂိုလိုဗင်၏ခြေစွမ်းကို ချီးကျူးခဲ့ရာ မန်ယူအသင်းပရိသတ်များက အသင်းသို့ ရောက်ရှိလာရန် မျှော်လင့်နေကြောင်း သိရသည်။

Most Read

Most Recent