ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 19 June 2018

ကိုလံဘီယာ နှင့် ဂျပန် (မြန်မာစံတော်ချိန် အင်္ဂါည ၆း၃၀ နာရီ)

ကိုလံဘီယာနဲ့ ဂျပန်အသင်းတွေအတွက်တော့ အခုမှအဖွင့်ပွဲကစားရမယ်။ ကစားခဲ့ပြီးတဲ့ခြေစွမ်းတွေအရ တောင်အမေရိကအသင်းတွေခြေစွမ်းပြနေပြီး ကိုလံဘီယာလည်း ပုံစံကောင်းနဲ့ ထွက်လာဦးမှာပါ။ ဂျပန်က အတွေ့အကြုံရင့်ပြီး ခြေစွမ်းငြိမ်တယ်။ ကိုလံဘီယာ (၁-ဝ၊ ၂-၁)လောက်ဖြစ်မယ်။

ပိုလန် နှင့် ဆီနီဂေါ (မြန်မာစံတော်ချိန် အင်္ဂါည ၉း၃၀ နာရီ)

ဆီနီဂေါက ဒီပြိုင်ပွဲမှာ မထင်မှတ်တာတွေ လုပ်ပြမယ်ထင်တယ်။ တိုက်စစ်ပိုင်းက မြန်နှုန်းမြင့်ပြီး တစ်ဦးချင်းကောင်းလို့ ပိုလန်ခံစစ် ဒုက္ခရောက်နိုင်တယ်။ ပိုလန်က လီဝန်ဒေါစကီးကို အားပြုကစားမယ့်အသင်းဖြစ်ပြီး မာကျောတယ်။ သရေပွဲဖြစ်နိုင်တယ်။

ရုရှား နှင့် အီဂျစ် (မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနံနက် ၀၀း၃၀ နာရီ)

ရုရှားက အဖွင့်ပွဲစဉ်မှာ အကောင်းဆုံးပုံစံပြခဲ့တယ်။ တစ်ဦးချင်းခြေစွမ်း အရမ်းမကောင်းကြပေမယ့် ကြံ့ခိုင်မှုကောင်းပြီး အမြင့်ဘောတွေကို အသုံးချနိုင်တာတွေ့ရတယ်။ ဒါပေမဲ့ အီဂျစ်ခံစစ်က ဆော်ဒီခံစစ်လို အမြင့်ဘောတွေမှာ အခွင့်အရေးသိပ်ပေးမှာမဟုတ်ဘူး။ ဟီဂါဇီရဲ့ အမြင့်ဘောရှင်းထုတ်မှုစွမ်းရည်က စိတ်ချရတဲ့အနေအထားမှာ ရှိတယ်။ ရုရှားအတွက် ဒီပွဲက ခက်ခဲတဲ့ပွဲဖြစ်လာမှာပါ။ ဒါပေမဲ့ မိုဆာလာသာ မကစားနိုင်သေးဘူးဆိုရင် အီဂျစ်တိုက်စစ်က စိတ်ဝင်စားစရာမရှိဘူး။ ဒီပွဲက ဆာလာအပေါ်မူတည်တယ်။ ရုရှားကိုပဲကြိုက်တယ်။

Most Read

Most Recent