ဘိုင်ယန်မြူးနစ်နောက်ခံလူ ဘိုတန်အား ခေါ်ယူရန် မန်ယူနှင့် ရီးယဲလ် ကြိုးပမ်း

ဘိုင်ယန်မြူးနစ်နောက်ခံလူ ဘိုတန်အား ခေါ်ယူရန် မန်ယူနှင့် ရီးယဲလ် ကြိုးပမ်း
Published 19 June 2018

Photo:AFP

ဥရောပထိပ်တန်းကလပ်များဖြစ်သည့် မန်ယူနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့သည် ဘိုင်ယန်မြူးနစ်မှ ဂျာမနီအ သင်းနောက်ခံလူ ဘိုတန်ကို ခေါ်ယူရန် အပြိုင်ကြိုးပမ်းနေကြကြောင်း သိရှိရသည်။

ဘိုင်ယန်မြူးနစ်အသင်း၏ နည်းပြသစ် ကိုဗက်သည် အသင်းရှိကစားသမားအချို့ကို ရောင်းထုတ်ရန် စီစဉ်နေပြီး ယင်းထဲတွင် ဘိုတန်လည်း ပါဝင်ကြောင်း သိရသည်။

အသက်(၂၉)နှစ်အရွယ်ရှိ ဘိုတန်သည် ပရီးမီးယားလိဂ်တွင် ကစားလိုကြောင်း ဝန်ခံခဲ့ဖူးရာ မန်ယူအသင်းက ပိုအလေးသာနေပြီး ဘိုင်ယန်မြူးနစ်အသင်းက ထိုက်တန်သည့်ကြေးရပါက ဘိုတန်ကို ရောင်းချမည်ဟု သိရှိရသည်။

Most Read

Most Recent