တစ်ပွဲတည်းတွင် ဂိုးသမား(၂)ဦးကို ဟာရီကိန်း ဂိုးသွင်းယူနိုင်ခဲ့

တစ်ပွဲတည်းတွင် ဂိုးသမား(၂)ဦးကို ဟာရီကိန်း ဂိုးသွင်းယူနိုင်ခဲ့
Published 19 June 2018

Photo:AFP

အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းသည် တူနီးရှားအသင်းနှင့်ပွဲတွင် ဂိုးသမား(၂)ဦးကို တစ်ပွဲတည်း၌ ဂိုးသွင်းယူနိုင်သူဖြစ်ခဲ့ကြောင်း သိရှိရသည်။

ယင်းပွဲတွင် တူနီးရှားအသင်း၏ ပထမဂိုးသမား ဟာဆန်သည် ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ပွဲချိန်(၁၅)မိနစ်တွင် လူစားလဲခံခဲ့ရပြီး မူစတာဖာက လူစားဝင်ခဲ့ရသည်။

ဟာရီကိန်းသည် ယင်းဂိုးသမား(၂)ဦးစလုံးကို ဂိုးသွင်းယူနိုင်ခဲ့ ခြင်းဖြစ်သည်။

၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ဥရုဂွေးတိုက်စစ်မှူး ဒီယေဂိုဖော်လန်လည်း တောင်အာဖရိကအသင်း၏ ဂိုးသမား(၂)ဦးကို တစ်ပွဲတည်း၌ ဂိုးသွင်းယူနိုင်ခဲ့ဖူးကြောင်း သိရသည်။

Most Recent