မိမိမှာ ဝေဖန်တိုက်ခိုက်ခံရမှုအများဆုံး ဘောလုံးသမားဖြစ်သည်ဟု ပေါ့ဘာ ဆို

မိမိမှာ ဝေဖန်တိုက်ခိုက်ခံရမှုအများဆုံး ဘောလုံးသမားဖြစ်သည်ဟု ပေါ့ဘာ ဆို
Published 18 June 2018

Photo:AFP

ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ ပေါ့ဘာက ၎င်းမှာ ဝေဖန်တိုက်ခိုက်ခံရမှုအများဆုံး ဘောလုံးသမားဖြစ်လာသည်ဟု ပြောကြားခဲ့သည်။

၎င်းအနေဖြင့် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးဘောလုံးသမားဘဝမှ ကမ္ဘာ့ဝေဖန်တိုက်ခိုက်ခံရဆုံးဖြစ်လာသည်ဟုလည်း ပေါ့ဘာက ဆိုခဲ့သည်။

ပေါ့ဘာသည် ၂၀၁၆ ခုနှစ်နွေရာသီတွင် ဂျူဗင်တပ်စ်အသင်းမှ မန်ယူအသင်းသို့ ထိုအချိန်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၈၉)သန်းဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ပေါ့ဘာနှင့်ပတ်သက်ပြီး ကလပ်အသင်းဖော်ဟောင်း အီဘရာဟီမိုဗစ်ကလည်း ယခုကဲ့သို့ မှတ်ချက်ပြုခဲ့သည်။

'' ပေါ့ဘာအကြောင်းက အငြင်းပွားစရာပါ။ မီဒီယာတွေက သူ့အကြောင်း အမြဲပြောနေတယ်။ ကျွန်တော်ကတော့ မနာလိုတယ်လို့ပဲ ယူဆတယ်။ သူဟာ လစာငွေ အမြောက်အမြားရတယ်။ ပွဲကြီးတွေ၊ ပြိုင်ပွဲကြီးတွေမှာ အမြဲကစားနေရတယ်။ သူဟာ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူတစ်ဦးလည်းဖြစ်တယ်။ ဒါကြောင့် သူ့ကိုမုန်းတဲ့လူ အမြောက်အမြားရှိနေတာပါ'' ဟု အီဘရာဟီမိုဗစ်က ပြောကြားခဲ့သည်။

 

 

Most Read

Most Recent