ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်များအတွက် ဆင်ခြေမပေးလိုဟု မာဆယ်လို ဆို

ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်များအတွက် ဆင်ခြေမပေးလိုဟု မာဆယ်လို ဆို
Published 18 June 2018

 

Photo:AFP

ဆွစ်ဇာလန်နှင့်ပွဲတွင် ဒိုင်လူကြီး၏ဆုံးဖြတ်ချက်များအတွက် ဆင်ခြေမပေးလိုကြောင်း ယင်းပွဲတွင် အသင်းခေါင်းဆောင်အဖြစ်ဆောင်ရွက်ခဲ့သည့် မာဆယ်လိုက ထုတ်ဖော်ပြောကြားခဲ့သည်။

မာဆယ်လိုက ဆွစ်ဇာလန်အသင်းအတွက် ဇူဘာ ချေပဂိုးသွင်းယူချိန်တွင် ဘရာဇီးလ်နောက်ခံလူ မာရန်ဒါကို တွန်းပြီးမှ တိုက်ခဲ့ခြင်းနှင့် တိုက်စစ်မှူး ဂျေးဆူ ပယ်နယ်တီဧရိယာထဲတွင် ဆွစ်ဇာလန်လူငယ်နောက်ခံလူ အကန်ဂျီနှင့် ထိခိုက်မိသည်များကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

မာဆယ်လိုအနေဖြင့် ယင်းပွဲတွင် ဘရာဇီးလ်အသင်း၏အသင်းခေါင်းဆောင်အဖြစ် ဒုတိယအကြိမ်မြောက် ဆောင်ရွက်ရခြင်းဖြစ်သည်။

ဘရာဇီးလ်နည်းပြ ထိထီ၏ အလှည့်ကျပေါ်လစီအရ သူ၏လက်ထက် (၂၂)ပွဲတွင် အသင်းခေါင်းဆောင် (၁၄)ဦးရှိခဲ့ပြီး အဲလ်ဗတ်စ်(၄ ကြိမ်)၊ မာရန်ဒါ(၃ ကြိမ်)၊ နေမာ၊ သီယာဂိုဆေးလ်ဗားနှင့် မာဆယ်လို(၂ ကြိမ်စီ)၊ ကက်စမဲရိုး၊ ရီနာတို၊ ဂျေးဆူ၊ ဝီလီယံ၊ ကော်တင်ဟို၊ ဖာနန်ဒင်ဟို၊ မာကွင်ဟို့စ်၊ ဖိလစ်ပီလူးဝစ်၊ ရော်ဘင်ဟိုတို့က (၁ ကြိမ်စီ) တာဝန်ယူခဲ့ကြသည်။

ဘရာဇီးလ်အသင်းဗိုလ်လုပွဲတက်ခဲ့လျှင်မူ နေမာက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူမည်ဖြစ်ကြောင်း လောင်းကစားဒိုင်များက ခန့်မှန်းထားကြသည်။

 

Most Read

Most Recent