လက်ရှိချန်ပီယံ ဂျာမနီကို မက္ကဆီကို ထိုက်ထိုက်တန်တန်အနိုင်ယူ

လက်ရှိချန်ပီယံ ဂျာမနီကို မက္ကဆီကို ထိုက်ထိုက်တန်တန်အနိုင်ယူ
Published 18 June 2018

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု(G)အဖွင့်ပွဲစဉ်အဖြစ်ကစားခဲ့သော လက်ရှိချန်ပီယံ ဂျာမနီနှင့် မက္ကဆီကိုတို့ပွဲတွင် မက္ကဆီကိုက (၁-ဝ)ဂိုးဖြင့် အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့သည်။

မက္ကဆီကိုအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို လူငယ်ကြယ်ပွင့် လိုဇာနိုက (၃၅)မိနစ်တွင် သွင်းယူခဲ့ခြင်းဖြစ်သည်။

မက္ကဆီကိုအသင်း၏ ပထမပိုင်းကစားပုံမှာ ချီးကျူးစရာကောင်းခဲ့ပြီး ဂျာမန်ခံစစ်ကို ကြိမ်ဖန်များစွာ ဖိအားပေးနိုင်ခဲ့သည်။

ဒုတိယပိုင်းတွင်လည်း ဂျာမနီကဲ့သို့ အသင်းကြီးကို ချေပဂိုးမပေးရအောင် ကြံ့ကြံ့ခံကစားပြီး အဖိုးတန်(၃)မှတ်ကို အရယူနိုင်ခဲ့သည်။

ဂျာမနီအသင်းအနေဖြင့် ကမ္ဘာ့ဖလားသမိုင်းတွင် ပြင်သစ်(၂၀၀၂)၊ စပိန်(၂၀၀၄)တို့ပြီးနောက် အဖွင့်ပွဲရှုံးနိမ့်သည့် တတိယမြောက် လက်ရှိချန်ပီယံအသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

ထို့ပြင် ဂျာမနီအသင်းမှာ မက္ကဆီကိုအသင်းကို (၃၃)နှစ်ကြာမှ ရှုံးပွဲပြန်တွေ့ခဲ့ခြင်းလည်းဖြစ်သည်။

 

Most Read

Most Recent