ကိုလာရော့ဗ်၏ဖရီးကစ်ဂိုးဖြင့် ဆားဘီးယား နိုင်ပွဲရ

ကိုလာရော့ဗ်၏ဖရီးကစ်ဂိုးဖြင့် ဆားဘီးယား နိုင်ပွဲရ
Published 18 June 2018

Photos:AFP

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ(E) အဖွင့်ပွဲစဉ်အဖြစ် ကော်စတာရီကာအသင်းနှင့် ဆားဘီးယားအသင်းတို့ကစားသည့်ပွဲတွင် ဆားဘီးယားအသင်းက အသင်းခေါင်းဆောင် ကိုလာရော့ဗ်သွင်းယူသည့် ဖရီးကစ်ဂိုးနှင့် (၁-ဝ)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဆားဘီးယား၏အနိုင်ဂိုးကို ကိုလာရော့ဗ်က (၅၆)မိနစ်တွင် တိုက်စစ်မှူး မီထရိုဗစ်ကြောင့်ရသည့် (၂၅)ကိုက်အကွာ ဖရီးကစ်ကို တိုက်ရိုက်ကန်သွင်းခဲ့ခြင်းဖြစ်သည်။

ကိုလာရော့ဗ် သွင်းယူသည့်ဂိုးမှာ ယခုကမ္ဘာ့ဖလား၏ တတိယမြောက်ဖရီးကစ်ဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ၁၉၉၈ ကမ္ဘာ့ဖလားတွင် မီဟိုင်းလိုဗစ်ချ် ဖရီးကစ်ကနေ ဂိုးသွင်းယူပြီးနောက်ပိုင်း ပထမဆုံး ဖရီးကစ်ဂိုးလည်းဖြစ်ခဲ့သည်။

ယခုပွဲတွင် ကော်စတာရီကာအသင်း၏ပွဲထွက်လူစာရင်းမှာ ပျမ်းမျှအသက် (၂၉)နှစ်၊ (၃၄၆)ရက်ဖြင့် ကမ္ဘာ့ဖလားတွင် အသက်အကြီးဆုံး Line-upဖြစ်လာပြီး ၂၀၀၆ ကမ္ဘာ့ဖလားတွင် အီကွေဒေါအသင်းတင်ရှိထားသည့် (၂၉)နှစ်၊ (၃၄၅)ရက်ကို ကျော်ဖြတ်ခဲ့သည်။

Most Read

Most Recent