ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားမဖြစ်ချင်ဘဲ ကမ္ဘာ့ဖလားချန်ပီယံသာ ဖြစ်လိုကြောင်း နေမာ ပြောကြား

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားမဖြစ်ချင်ဘဲ ကမ္ဘာ့ဖလားချန်ပီယံသာ ဖြစ်လိုကြောင်း နေမာ ပြောကြား
Published 18 June 2018

 

Photo: AFP

 

ဘရာဇီးလ်တိုက်စစ်မှူး နေမာက ၎င်းအတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုထက် ကမ္ဘာ့ဖလားချန်ပီယံဆုကိုသာ ရယူလိုသည်ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။

နေမာက " ကျွန်တော် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား မဖြစ်ချင်ပါဘူး။ ကမ္ဘာ့ဖလားချန်ပီယံဆုကိုပဲ လိုချင်ပါတယ်။ အဲဒီအတွက်လည်း ကျွန်တော့်အနေနဲ့ အစွမ်းကုန် ကြိုးစားသွားမှာပါ" ဟု ပြောကြားခဲ့သည်။ ထို့ပြင် နေမာက ၎င်းအနေဖြင့် အကောင်းဆုံးဘောလုံးသမားများထဲ၌ တစ်ဦးအပါအဝင် ဖြစ်အောင် အမြဲတမ်းကြိုးစားနေကြောင်းလည်း ဆိုခဲ့သည်။

" အကောင်းဆုံးဘောလုံးသမားတွေထဲမှာ ပါဝင်နိုင်အောင် ကျွန်တော် အမြဲတမ်းကြိုးစားနေပါတယ်။ ပြိုင်ဘက်ကစားသမားတွေ ဘယ်လိုလှည့်စားရမယ်ဆိုတာ ကျွန်တော် ကောင်းကောင်းသိပေမယ့် ဂိုးသွင်းယူမှုပိုင်းမှာတော့ ကျွန်တော် နည်းနည်းညံ့ပါတယ်" ဟု နေမာက ပြောကြားခဲ့သည်။

ထို့ပြင် နေမာက ၎င်းမှာ ကမ္ဘာပေါ်တွင် အကောင်းဆုံးဘောလုံးသမားဖြစ်သည်ဟု ပြောဆိုခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု (၁၀)ဆက် ရယူခဲ့ကြသည့် စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့မှာ တခြားဂြိုဟ်မှ ဘောလုံးသမားများသာ ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

 

 

Most Read

Most Recent