ရုရှားအသင်းနှင့် ပွဲတွင် ဆာလာ ကြံ့ခိုင်မှုအပြည့်ဖြင့် ယှဉ်ပြိုင်နိုင်မည်ဟု အီဂျစ်ဘောလုံးအဖွဲ့ချုပ် ကြေညာ

ရုရှားအသင်းနှင့် ပွဲတွင် ဆာလာ ကြံ့ခိုင်မှုအပြည့်ဖြင့် ယှဉ်ပြိုင်နိုင်မည်ဟု အီဂျစ်ဘောလုံးအဖွဲ့ချုပ် ကြေညာ
Published 17 June 2018

Photo: Getty Images

အီဂျစ်ဘောလုံးအဖွဲ့ချုပ် (EFA)သည် အိမ်ရှင် ရုရှားအသင်းနှင့် ကစားမည့် ပွဲတွင် ၎င်းတို့၏တိုက်စစ်မှူးဆာလာသည် ကြံ့ခိုင်မှုအပြည့် ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်ဟု ကြေညာခဲ့ကြောင်း သိရှိရသည်။

လီဗာပူးလ်အသင်းနှင့် အီဂျစ်တိုက်စစ်မှူး ဆာလာသည် ရီးယဲလ်မက်ဒရစ်အား (၃-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ရရှိခဲ့သော ပခုံးဒဏ်ရာရရှိခဲ့သည်။

ဆာလာ၏ ဒဏ်ရာမှာ  ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ပြန်လည်သက်သာလာခဲ့သော်လည်း ဥရုဂွေးအသင်းအား (၁-ဝ)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောပွဲစဉ်တွင် အီဂျစ်အသင်းနည်းပြ ဟတ်တာကူးပါးက အရဲမစွန့်လိုသဖြင့် ဆာလာကို အရန်ခုံတွင်သာ ထိုင်စေခဲ့ပြီး အသုံးမပြုခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ယခုအခါ EFA က ဆာလာမှာ ရုရှားအသင်းနှင့် ပွဲစဉ်တွင် ယှဉ်ပြိုင်ရန် အသင့်ဖြစ်နေပြီဟု ကြေညာခြင်း ဖြစ်သည်။

နောက်တစ်ဆင့် တက်ရောက်နိုင်ရန်အတွက် ရုရှားအသင်းနှင့် ပွဲစဉ်မှာ အီဂျစ်အသင်းအတွက် အရေးကြီးနေပြီး အီဂျစ်နည်းပြကူးပါးသည် ဆာလာကို အသုံးပြုသွားဖွယ်ရှိနေကြောင်း သိရှိရသည်။

ရုရှားအသင်းနှင့် အီဂျစ်အသင်းတို့၏ ပွဲစဉ်ကို ဗုဒ္ဓဟူးနေ့နံနက် (၀၀း၃၀)နာရီတွင် ယှဉ်ပြိုင်မည် ဖြစ်သည်။

Most Read

Most Recent