၁၉၆၂ နောက်ပိုင်း ချန်ပီယံဆုကာကွယ်နိုင်သည့် ပထမဆုံးအသင်းဖြစ်လာရန် ဂျာမနီတိုက်စစ်မှူးသောမတ်စ်မူလာ ပစ်မှတ်ထား

၁၉၆၂ နောက်ပိုင်း ချန်ပီယံဆုကာကွယ်နိုင်သည့် ပထမဆုံးအသင်းဖြစ်လာရန် ဂျာမနီတိုက်စစ်မှူးသောမတ်စ်မူလာ ပစ်မှတ်ထား
Published 17 June 2018

Photo: The Mirror

လက်ရှိကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီအသင်းတိုက်စစ်မှူး သောမတ်စ်မူလာက ၎င်းတို့အနေဖြင့် ၁၉၆၂ ခုနှစ်နောက်ပိုင်း ချန်ပီယံဆုကို ကာကွယ်နိုင်သည့် ပထမဆုံးအသင်းဖြစ်လာရန် ပစ်မှတ်ထားနေကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ဖလား ပြိုင်ပွဲသမိုင်းတွင် ချန်ပီယံဆု (၅)ကြိမ်ဖြင့် အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေသော ဘရာဇီးလ်အသင်းသည် ၁၉၅၈နှင့် ၁၉၆၂ ခုနှစ်များတွင် ဆက်တိုက်ဗိုလ်စွဲခဲ့ပြီးနောက် လက်ရှိအချိန်အထိ ချန်ပီယံဆုကို ကာကွယ်နိုင်သောအသင်း မရှိခဲ့ပေ။

သို့ဖြစ်ရာ မူလာက ဂျာမနီအသင်းနှင့်အတူ အသင်းသမိုင်းတစ်လျှောက်ပထမဆုံးအကြိမ် ချန်ပီယံဆုကာကွယ်နိုင်ရန် ပစ်မှတ်ထားနေခြင်းဖြစ်သည်။

မူလာက ''တကယ်တော့ ကျွန်တော်တို့ဟာ ချန်ပီယံဆုကိုကာကွယ်ဖို့ အခွင့်အရေးတစ်ခုနဲ့ ကြုံကြိုက်နေပါတယ်။ ဒီလို အောင်မြင်မှုရယူနိုင်မယ်ဆိုရင်တော့ ကြီးကျယ်ခမ်းနားတဲ့အရာ ဖြစ်လာမှာပါ။ အရင်က ဒီလိုစွမ်းဆောင်နိုင်တဲ့ ဂျာမနီလက်ရွေးစင်အသင်းဆိုတာ မရှိခဲ့ပါဘူ။ အဲဒါကြောင့် ကျွန်တော်တို့ဟာ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားမှာပါ'' ဟု ပြောကြားခဲ့သည်။

မူလာသည် ပြီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ဂျာမနီအသင်းအတွက် (၁၀)ဂိုးသွင်းယူပေးထားပြီး ယခုပြိုင်ပွဲတွင် (၆)ဂိုး ထပ်မံသွင်းယူနိုင်ပါက ဂျာမနီတိုက်စစ်မှူးဟောင်း ကလိုဆေး၏ ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးသည့်စံချိန်ကို လိုက်မီနိုင်မည်ဖြစ်သည်။

ဂျာမနီအသင်းသည် ဇွန် (၁၇)ရက်တွင် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် မက္ကဆီကိုအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent