ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 16 June 2018

ပြင်သစ် Vs သြစတြေးလျ (မြန်မာစံတော်ချိန် စနေညနေ ၄း၃၀ နာရီ)

ဒက်ချမ့်စ်ရဲ့အသင်းက ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းဖြစ်ပြီး နည်းဗျူဟာပိုင်း၊ နည်းစနစ်ပိုင်း၊ ပေါက်ကွဲအားနဲ့ အရည်အသွေးပိုင်းမှာ အားနည်းချက်မရှိဘူး။ သြစတြေးလျနဲ့ အဆင့်ချင်းကွာတယ်။ သြစတြေးလျက ခြေစမ်းပွဲတွေမှာ ရလဒ် ကောင်းခဲ့ပေမယ့် ဒီပွဲတော့ ဂိုးပြတ်ရှုံးမှာပဲ။

အာဂျင်တီးနား Vs အိုက်စလန် (မြန်မာစံတော်ချိန် စနေညနေ ရး၃၀ နာရီ)

အိုက်စလန်က ၂၀၁၆ က အသင်းနဲ့တောင် တော်တော်လေးခြားနားသွားပြီ။ တကယ်တော့ ကစားသမားကောင်းတွေနဲ့ စုဖွဲ့ထားတဲ့အသင်းမဟုတ်ဘဲ စိတ်ဓာတ်နဲ့ ကစားနေရတဲ့အသင်းတွေ စိတ်ဓာတ်ပျက်တာနဲ့ ပျက်စီးတာပဲ။ အာဂျင်တီးနားအတွက် အခက်အခဲမရှိနိုင်ပါဘူး။

ပီရူး Vs ဒိန်းမတ် (မြန်မာစံတော်ချိန် စနေညနေ ၁၀း၃၀ နာရီ)

စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲပါ။ နှစ်သင်းစလုံး မာကျောတယ်။ အရည်အသွေးမြင့်တယ်။ ကစားဟန်ကွဲတယ်။ ပီရူးက တစ်ဦးချင်း နည်းစနစ်ပိုင်းမြင့်ကြတယ်။ ဒိန်းမတ်ကတော့ စုစည်းမှုအားကောင်းပြီး အဲရစ်ဆင်ရဲ့ ဦးဆောင်မှုအောက်မှာ ခြေစွမ်းပြနေတာ တွေ့ရတယ်။ သရေကျဖို့များပါတယ်။

ခရိုအေးရှား Vs နိုင်ဂျီးရီးယား (မြန်မာစံတော်ချိန် တနင်္ဂနွေနံနက် ၁း၃၀ နာရီ)

နိုင်ဂျီးရီးယားမှာ ကစားသမားကောင်းတွေ ရှိတယ်။ ဒါပေမဲ့ အသင်းလိုက်ကစားပုံက လိုအပ်မှုတွေအများကြီးရှိနေတာတွေ့ရတယ်။ အထူးသဖြင့် ခံစစ်ပိုင်းက အမှားများလွန်းပါတယ်။ ခရိုအေးရှားက ကွင်းလယ်နဲ့ တိုက်စစ်ပိုင်း စိတ်ချရတယ်။ ခရိုအေးရှားကိုပဲ ကြိုက်တယ်။

 

Most Read

Most Recent