ရုရှားအသင်းအား အရှက်တကွဲရှုံးနိမ့်မှုကြောင့် ဆော်ဒီကစားသမားသုံးဦး အပြစ်ပေးခံရမည်

ရုရှားအသင်းအား အရှက်တကွဲရှုံးနိမ့်မှုကြောင့် ဆော်ဒီကစားသမားသုံးဦး အပြစ်ပေးခံရမည်
Published 16 June 2018

တိုက်စစ်မှူး မိုဟာမက်အယ်လ်ဆာလာဝီ(ဝဲ)နှင့် နောက်ခံလူ အိုမာဟူဆာဝီ(Photo:AFP)

 

ဂိုးသမား အယ်လ်မာယွတ်(Photo:AFP)

ဆော်ဒီအာရေဗျအသင်းကစားသမား သုံးဦးသည် ရုရှားအသင်းအား အရှက်တကွဲ ရှုံးနိမ့်သည့်ပွဲ၌ စွမ်းဆောင်ညံ့ဖျင်းမှုအတွက် အပြစ်ပေးခံရမည်ဖြစ်ကြောင်း ဘောလုံးအဖွဲ့ ချုပ်ဥက္ကဋ္ဌ အစ်ဇက်က ပြောကြားသည်။

ဆော်ဒီအာရေဗျအသင်းသည် အိမ်ရှင် ရုရှားအသင်းအား အဘက်ဘက်မှ ယှဉ်ကစား နိုင်ခြင်းမရှိဘဲ ငါးဂိုးပြတ် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ရာ အစ်ဇက်က ''ရှုံးနိမ့်မှုအတွက် အရမ်း စိတ်ပျက်မိပါတယ်။ ဒီရလဒ်က လုံးဝကျေနပ် စရာမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြိုင်ပွဲမတိုင်ခင် ကြိုတင်ပြင်ဆင်ထားတဲ့ အခြေအနေမျိုး မဟုတ်လို့ပါ။ ကစားသမားအများစု ကတော့ အပြစ်ပေးခံရမှာပါ။ ဂိုးသမား အဗ္ဗဒူလာအယ်လ်မာယွတ်၊ တိုက်စစ်မှူး မိုဟာမက်အယ်လ်ဆာလာဝီနဲ့ နောက်ခံလူ အိုမာ ဟူဆာဝီတို့ပါပါတယ်''ဟု Al-Youm Assabaa သတင်းစာသို့ ပြောကြားသည်။

၎င်းက အပြစ်ပေးမည်ဟု ပြောကြားသော်လည်း မည်သည့်ပုံစံဖြင့် အရေးယူမည်ဖြစ်ကြောင်း အသေးစိတ်ပြောကြားခြင်းမရှိပေ။

ထို့ပြင် ဆော်ဒီအားကစားအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ ဖြစ်သူ အယ်လ်ရှိတ်ကလည်း Twitter တွင် ဗီဒီယိုဖိုင်တင်၍ ဝေဖန်ပြောကြားသည်။

Most Recent