ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ် ဖြစ်သည့် ရုရှား - ဆော်ဒီအာရေဗျပွဲတွင် ရုရှား အသင်း အနိုင်ရမည်ဟု ကြောင်ကလေး အာခီလိစ် ရွေးချယ်

ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ် ဖြစ်သည့် ရုရှား - ဆော်ဒီအာရေဗျပွဲတွင် ရုရှား အသင်း အနိုင်ရမည်ဟု ကြောင်ကလေး အာခီလိစ် ရွေးချယ်
Published 15 June 2018

Photo: telegraph

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပရိသတ်များကို ဆွဲဆောင်နိုင်ရန် ရည်ရွယ်လေ့ကျင့်ပေးထားသော ကြောင်ကလေး အာခီလိစ်က အဖွင့်ပွဲစဉ်ဖြစ်သည့် ရုရှား-ဆော်ဒီအာရေဗျပွဲတွင် ရုရှားအသင်း အနိုင်ရမည်ဟု ရွေးချယ်ခဲ့ကြောင်း သိရှိရသည်။

၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂျာမနီနိုင်ငံမှ ပေါလ်ဟု အမည်ရသော ရေဘဝဲ၏ ရွေးချယ်ခန့်မှန်းမှုများ မှန်ကန်ခဲ့ပြီး ပရိသတ်များကြား ကျော်ကြားခဲ့သည့်နောက် ဘောလုံးပြိုင်ပွဲများတွင် တိရစ္ဆာန်လေးများကို လေ့ကျင့်ပေးပြီး အနိုင်ရမည့်အသင်းကို ရွေးချယ်စေခြင်းများ ခေတ်စားလာခြင်းလည်းဖြစ်သည်။

အာခီလိစ်မှာ စိန့်ပီတာစဘတ်မြို့ယဉ်ကျေးမှုပြတိုက်မှဖြစ်ပြီး အကြားအာရုံချို့ယွင်းနေသည့် ကြောင်လေးဖြစ်သည်။
၎င်းကို အစာခွက်နှစ်ခွက်ထဲမှ တစ်ခွက်အား ရွေးချယ်တတ်စေရန် လေ့ကျင့်ပေးထားခြင်းဖြစ်ပြီး ရုရှားနိုင်ငံ၌ ကျင်းပခဲ့သော ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲတွင် ၎င်း၏ရွေးချယ်ခန့်မှန်းမှု အတော်များများ မှန်ကန်ခဲ့သည့်အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆက်လက်ပွဲထုတ်ခဲ့ခြင်းလည်းဖြစ်သည်။

ယနေ့ ပထမဆုံးပွဲအဖြစ် ရုရှား-ဆော်ဒီအာရေဗျပွဲအတွက် ရွေးချယ်စေခဲ့ရာ အာခီလိစ်က ရုရှားအသင်းအမည်ပါဝင်သည့် အစာခွက်ထဲမှအစာကို ရွေးချယ်စားသုံးခဲ့ကြောင်း သိရှိရသည်။

ရုရှား-ဆော်ဒီအာရေဗျပွဲကို ယနေ့ည မြန်မာစံတော်ချိန် (၉း၃၀)နာရီတွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

Most Read

Most Recent