၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ် အကြိုသုံးသပ်ချက်

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ် အကြိုသုံးသပ်ချက်
Published 14 June 2018

Photo : AFP

■ ရုရှား - ဆော်ဒီအာရေဗျ

 

ကစားမည့်ကွင်း - Luzhniki Stadium

ဒိုင်လူကြီး - ပီတာနာ (အာဂျင်တီးနား)

အချိန် - ည ၉း၃၀ နာရီ၊

ပြသမည့် ရုပ်သံလိုင်း -  Sky Net 6, HD

နောက်ဆုံးတွေ့ဆုံမှု - ဆော်ဒီအာရေဗျ (၄-၂) ရုရှား (ခြေစမ်းပွဲ)

 

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်အဖြစ် အိမ်ရှင်ရုရှားအသင်းအနေနဲ့ အာရှဇုန်က ဆော်ဒီအာရေဗျအသင်းနဲ့ စတင်ယှဉ်ပြိုင်ရမှာပါ။

ကွင်းလုံးပြည့် လာအားပေးမယ့် အိမ်ရှင်ပရိသတ်တွေရှေ့မှာ အုပ်စုတွင်း အားအနည်းဆုံးဖြစ်တဲ့ ဆော်ဒီအသင်းနဲ့ ကစားရမှာဖြစ်လို့ ရုရှားအတွက်တော့ ကံကြမ္မာကောင်းလို့ဆိုရမှာပါ။

ဒါပေမဲ့ ရုရှားအသင်းအနေနဲ့ နည်းပြ ချယ်ချီဆော့ဗ်လက်ထက်မှာလည်း ထူးထူးခြားခြားပြောင်းလဲမလာဘဲ နောက်ဆုံး ခုနစ်ပွဲဆက် နိုင်ပွဲပျောက်ထားပြီး သုံးပွဲသရေ၊ လေးပွဲရှုံးနိမ့်ထားပါတယ်။

အပြီးသတ်စာရင်းမှာ ဇာကော့ဗ်၊ ဆာမီဒေါ့ဗ်၊ ဇာဂိုယက်ဗ်၊ အစ်ဂနာရှီဗစ်ချ်၊ အကင်ဖိဗ် (ဂိုး) တို့လို ဝါရင့် ကစားသမားတွေ ပါဝင်နေပေမဲ့ အသင်းလိုက်စုစည်းမှုပိုင်းက အားနည်းချက်တွေရှိနေပါ သေးတယ်။

ဆော်ဒီအာရေဗျအသင်းကတော့ နောက်ဆုံးသုံးပွဲဆက် ရှုံးထားတယ်ဆိုပေမဲ့ အီတလီ၊ ပီရူး၊ ဂျာမနီတို့လို ထိပ်တန်းအဆင့်ရှိတဲ့အသင်းတွေနဲ့ ကစားထားတာပါ။

လာလီဂါကလပ် ဗီလာရီးယဲလ်အသင်းက အယ်လ်ဒါဝါဆာရီ၊ လီဗန်တေးအသင်းက အယ်လ်မူဝယ်လက်ဒ်၊ လီဟာနက်စ်အသင်းက အယ်လ်ရှီရီတို့ရဲ့ ရုန်းကန်အားက ဆော်ဒီအာရေဗျအသင်းကို ဘယ်အခြေအနေအထိ ဆွဲတင်ပေးနိုင်မလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။

အုပ်စုတွင်း အားအနည်းဆုံးအသင်းလို့ သတ်မှတ်ခံထားရပေမဲ့ ဆော်ဒီအသင်းရဲ့ အကြိုပြင်ဆင်မှုတွေက ပိုကောင်းနေလို့ အိမ်ရှင်ရုရှားဆီကနေ သရေတစ်မှတ် ခွဲယူနိုင် စွမ်းရှိပါတယ်။

Most Read

Most Recent